BREAKING
May 12, 2025

ချင်းရိုင်တွင် မြန်မာများလိုက်ပါလာသည့်ကားတိမ်းမှောက်ပြီး တစ်ဦးသေဆုံး

May 12, 2025

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်တွင် မြန်မာနိုင်ငံသားများ လိုက်ပါလာသော ပစ်ကပ်ကားတစ်စီး လမ်းဘေးတိမ်းမှောက်ပြီး မြန်မာတစ်ဦးသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ မေလ ၁၂ ရက် နံနက်ပိုင်းတွင် ချင်းရိုင်မြို့ မဲ့ကွန်ဒေသရှိ အမြန်လမ်းမပေါ်တွင် ပစ်ကပ်ကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးဆင်းပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ကားပေါ်တွင် ကားသမားအပါအဝင် မြန်မာနိုင်ငံသား ကိုးဦး လိုက်ပါလာကြောင်း ဖော်ပြသည်။

ကားမှောက်မှုကြောင့် ကားမောင်းသူ မြန်မာနိုင်ငံသားမှာ နေရာတွင် သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဒဏ်ရာရရှိသူ ရှစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့များက ချင်းရိုင်မြို့ရှိ ဆေးရုံအသီးသီးသို့ အရေးပေါ်ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။

ကားသည် အခြားဒေသမှတစ်ဆင့် ချင်းရိုင်မြို့ထဲသို့ ဝင်လာစဉ် တိမ်းမှောက်မှုဖြစ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အထက်ပါ မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အချက်အလက်များကို မေးမြန်းနေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ကားမှောက်မှုဖြစ်စဉ်ကိုလည်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

Ref: Matichon Online, CH 7