BREAKING
October 19, 2025

မြန်မာတစ်ဦး၏ ကိုယ်အင်္ဂါများ ထိုင်းဆေးရုံသို့လှူဒါန်း

August 11, 2025

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်တွင် ဦးနှောက်သွေးကြောရောဂါဖြင့် သေဆုံးသွားသော မြန်မာနိုင်ငံသားတစ်ဦး၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ကျန်ရစ်သူ မိသားစုဝင်များက ဆေးရုံသို့ လှူဒါန်းခဲ့ကြောင်း စမွတ်စခွန် ကြက်ခြေနီအဖွဲ့က ထုတ်ပြန်သည်။

သေဆုံးသူသည် အသက် ၄၁ နှစ်အရွယ် ကိုဇင်မျိုးဝင်း အမည်ရှိသူဖြစ်ပြီး ကျန်ရစ်သူ မိသားစုဝင်များက ဩဂုတ်လ ၉ ရက်နေ့တွင် စမွတ်စခွန်ဆေးရုံကြီးသို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ကိုဇင်မျိုးဝင်းထံမှ အဆုတ်၊ ကျောက်ကပ်၊ နှလုံးရှိ အဆို့ရှင်နှင့် မျက်လုံးတစ်စုံကို အခြားလူနာများ အစားထိုးကုသနိုင်ရန် စမွတ်စခွန်ဆေးရုံကြီးမှတစ်ဆင့် ထိုင်းကြက်ခြေနီ ကိုယ်အင်္ဂါလှူဒါန်းရေး စင်တာသို့ ပေးလှူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဩဂုတ်လ ၁၀ ရက်နေ့တွင် စမွတ်စခွန် ကြက်ခြေနီအဖွဲ့က ကိုယ်အင်္ဂါပေးလှူခဲ့သော ကိုဇင်မျိုးဝင်း၏ ကျန်ရစ်သူ မိသားစုများထံသို့ ဂုဏ်ပြုလက်မှတ်၊ ပန်းစည်းနှင့် လှူဒါန်းငွေ ဘတ် ၃၀၀၀ ကို ပေးအပ်ခဲ့သည်။

ကိုယ်အင်္ဂါများ လှူဒါန်းခြင်းသည် ကိုယ်တွင်းအင်္ဂါများ အစားထိုးကုသရန် လိုအပ်နေသော လူနာများအတွက် အကူအညီများစွာဖြစ်စေပြီး မွန်မြတ်သော လှူဒါန်းခြင်းဖြစ်ကြောင်း ဆေးရုံကြီးက ရေးသားထားသည်။