ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ငရုတ်ပုခြောက် ဈေးတက်ပြီး ကြူကုတ်ကြက်သွန်ဈေးကျသည့် ထားဝယ်ဈေးကွက်

January 10, 2026

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ရွှေအပ်ငရုတ်ခြောက်ဈေးတက်ပြီး ကြက်သွန်ဖြူ (ကြူကုတ်) မှာမူ ဈေးနှုန်းကျဆင်းလျက်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် ဇန်နဝါရီ ၄ ရက်နေ့က ထားဝယ်ဈေးကွက်တွင် ရွှေအပ်ငရုတ်ခြောက် တစ်ပိဿာ ၁၇,၅၀၀ ကျပ်မှ ဇန်နဝါရီ ၁၀ ရက်နေ့တွင် တစ်ပိဿာ ၁၉,၅၀၀ ကျပ်သို့ ဈေးတက်သွားသည်။

တစ်ပတ်အတွင်း ထားဝယ်ဈေးကွက်တွင် ရွှေအပ်ငရုတ်ခြောက်တစ်ပိဿာ ၂,၀၀၀ ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

ကြက်သွန်ဖြူ (ကြူကုတ်) မှာမူ ယခုသီတင်းပတ်အတွင်း ဈေးကျလာသည်။

ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် ဇန်နဝါရီ ၄ ရက်နေ့က ထားဝယ်ဈေးကွက်တွင် ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ၁၄,၀၀၀ ကျပ်မှ ဇန်နဝါရီ ၁၀ ရက်နေ့တွင် တစ်ပိဿာ ၁၃,၅၀၀ ကျပ်သို့ ဈေးကျသွားသည်။

ထို့ကြောင့် တစ်ပတ်အတွင်း ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ၅၀၀ ကျပ် ဈေးကျသွားခြင်းဖြစ်သည်။

ယင်းအပြင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူ (ထူး ၄၊ ထူး ၅) အမျိုးအစားများမှာလည်း ဈေးဆက်တိုက် တက်နေပြီး စားသုံးဆီနှင့် အာလူးတို့မှာမူ ဇယားပါအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ယခုသီတင်းပတ် ထားဝယ်မြို့ရှိ ရေထွက်ကုန်ဈေးကွက်တွင်လည်း ငါးနှင့် ပုစွန်ဈေးနှုန်းများ မြင့်တက်နေသည်ကို ဇယားပါအတိုင်း တွေ့ရှိရမည်ဖြစ်သည်။