ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်ဖြူ(ကြူကုတ်)နှင့် ရွှေအပ်ငရုတ်ခြောက် ဈေးတက်လျက်ရှိသည်။
ပြီးခဲ့သည့်သီတင်းပတ် ဩဂုတ်လ ၂ ရက်က ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၂၀၀၀ ကျပ်မှ ဩဂုတ်လ ၉ ရက်တွင် တစ်ပိဿာ ၁၃၅၀၀ကျပ်သို့ ဈေးတက်သွားသည်။
ထို့နည်းအတူ ရွှေအပ်ငရုတ်သီးခြောက်မှာလည်း ဩဂုတ်လ ၂ ရက်က တစ်ပိဿာ ၁၃၀၀၀ကျပ်မှ ဩဂုတ်လ ၉ ရက်တွင် ၁၃၅၀၀ကျပ်သို့ ဈေးတက်သွားသည်။
ထို့ကြောင့် တစ်ပတ်အတွင်း ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် ၁၅၀၀ကျပ်နှင့် ရွှေအပ်ငရုတ်ခြောက်တစ်ပိဿာလျှင် ၅၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။
ကြက်သွန်နီနှင့် ကြက်သွန်ဖြူထူး ၅ တို့မှာမူ ယခုသီတင်းပတ်အတွင်း ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်လျက်ရှိသည်။
သို့သော် ကြက်သွန်ဖြူထူး ၄ မှာ ယခုသီတင်းပတ်အတွင်း တစ်ပိဿာ ၅၀၀ကျပ် ဈေးပြန်ကျသွားသည်။
ပြီးခဲ့သည့် သီတင်းပတ်က ဈေးမြင့်တက်ခဲ့သည့် ရေထွက်ကုန်များမှာ ယခု သီတင်းပတ်၌ ဈေးပြန်ကျလျက်ရှိသည်။
တိုင်းပြည်ပက တင်သွင်းသည့် ဆန်မှာ ထားဝယ်ဈေးကွက်အတွင်း ပစ္စည်းပြတ်လျက်ရှိသည်။
ထို့ကြောင့် ယခုသီတင်းပတ်တွင် ထားဝယ် ဒေသထွက် ဆန်ဈေးနှုန်းများကို ဖော်ပြပေးသွားပါမည်ဖြစ်ပါသည်။

