၂၀၂၆ ခုနှစ် ဆုန်ကရမ်ပွဲတော်ကို “Safe Songkran, alcohol-free” (ဘေးကင်းတဲ့ ဆုန်ကရမ်၊ အရက်ကင်းစင်ရေး) ဆိုတဲ့ လှုပ်ရှားမှုနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေတွေကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတိပေးထားပါတယ်။
ပွဲတော်ရက်အတွင်းမှာ အန္တရာယ်ကင်းဖို့အတွက် ပြည်သူတွေ လိုက်နာရမယ့် စည်းကမ်းတွေကို ထုတ်ပြန်ထားပြီး၊ ချိုးဖောက်ရင်တော့ ထိထိရောက်ရောက် အရေးယူခံရမှာပါ။
ဆုန်ကရမ်ကာလအတွင်းမှာ လူတိုင်း တာဝန်သိစိတ်နဲ့ ပါဝင်ဆင်နွှဲကြဖို့နဲ့ ဘေးအန္တရာယ်ကင်းကင်းနဲ့ ပျော်ရွှင်ကြဖို့ ထိုင်းအစိုးရက တိုက်တွန်းထားပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ထိုင်းဆုန်ကရမ်မှာ အန္တရာယ်ကင်းကင်းနဲ့ စိတ်အေးချမ်းသာ ပျော်ပါးနိုင်ဖို့အတွက် ထိုင်းအစိုးရက ထုတ်ပြန်ထားတဲ့ သတိပြုရမယ့်အချက် ၈ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။














