မလေးရှားနိုင်ငံသို့ တရားမဝင် လမ်းကြောင်းက သွားမည့် မြန်မာနိုင်ငံသား ၂၀ ဦးသည် ထိုင်းနိုင်ငံတောင်ပိုင်း ပရာကျွတ်ခီရီခန်ခရိုင်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဇန်နဝါရီလ ၆ ရက်က ပရာကျွတ်ခီရီခန်မြို့ ကလောင်ဝမ်ဒေသရှိ အုန်းခြံထဲတွင် မြန်မာနိုင်ငံသားများ ပုန်းနေကြောင်း သတင်းရရှိသဖြင့် ထိုင်းအာဏာပိုင်များက သွားရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၂၀ ဦးဖြစ်ပြီး အားလုံးတွင် တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။
မြန်မာနိုင်ငံသားများသည် ရန်ကုန်၊ မြဝတီ၊ ပဲခူးဒေသများကတစ်ဆင့် ဘုရားသုံးဆူနယ်စပ် စန်ခရာဘူရီဒေသသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်လာကြကြောင်း ဆိုသည်။
ပွဲစားများ၏ အချိတ်အဆက်ဖြင့် နယ်စပ်မှတစ်ဆင့် ကားအဆင့်ဆင့်စီး၍ လာကြပြီး ပရာကျွန်ခီရီခန်မြို့က အုန်းခြံထဲ စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။
အားလုံးသည် မလေးရှားနိုင်ငံသို့ သွားရောက်ရန် ရည်ရွယ်ထားကြပြီး ခရီးစရိတ်အတွက် ဘတ် ၅၁၀၀၀ အထိ ကုန်ကျမည်ဖြစ်ကြောင်း မြန်မာများက ထွက်ဆိုထားကြောင်း သတင်းများတွင် ဖော်ပြသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများကို ခလောင်ဝမ်ရဲစခန်းသို့ ပို့ဆောင်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း ဆိုသည်။
Ref: Top News, AEC News







