ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်ကြမ်းဈေးကျပြီး ဆန်ချောအမျိုးအစားအချို့ ဈေးတက်နေသည်။
ပြီးခဲ့သည့် သီတင်းပတ် နိုဝင်ဘာလ ၃၀ ရက်တွင် အေဝမ်းငွေတိုး အမှတ်တံဆိပ် ဆန်ကြမ်းတစ်အိတ်လျှင် ၇၁၅၀၀ ကျပ်စျေးရှိရာမှ ဒီဇင်ဘာလ ၇ ရက်တွင် ၆၉၅၀၀ ကျပ်သို့ ဈေးကျသွားသည်။
သို့သော် ဆန်ချောအမျိုးအစားအချို့မှာမူ ဈေးတက်နေပြီး နိုဝင်ဘာ ၃၀ ရက်က မိုးပျံမြောင်းမြအမှတ်တံဆိပ် ပေါ်ဆန်းဆန် တစ်အိတ်လျှင် ၁၆၃၀၀၀ကျပ်မှ ဒီဇင်ဘာလ ၆ ရက်တွင် ၁၆၆၀၀၀ ကျပ်ဖြစ်လာသည်။
ထို့ကြောင့် တစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ်လျှင် နှစ်ထောင်ကျပ် ဈေးကျပြီး ဆန်ချောတစ်အိတ်လျှင် သုံးထောင်ကျပ် ဈေးတက်သွားသည်။
အခြားဆန်အမျိုးအစားအချို့မှာမူ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရသည်။
ယခုသီတင်းပတ်အတွင်း စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်ဖြူ ထူး (၄) တစ်ပိဿာလျှင် ငါးရာကျပ် ဈေးကျသွားသည်။
နိုဝင်ဘာလ ၃၀ ရက်က ကြက်သွန်ဖြူထူး (၄) တစ်ပိဿာ ၉၀၀၀ ကျပ်မှ ဒီဇင်ဘာ ၇ ရက်တွင် ၈၅၀၀ကျပ် ဖြစ်လာသည်။
ကြက်သွန်နီ၊ ဆီနှင့် အခြား စားဖိုဆောင်သုံးကုန်အချို့မှာမူ ဇယားပါဈေးနှုန်းအတိုင်း ဈေးငြိမ်နေသည်။
ထားဝယ် ရေထွက်ကုန်ဈေးကွက်တွင်မူ ယခုသီတင်းပတ်အတွင်း ပုစွန်ချောကြီးတစ်ပိဿာ ၅၀၀၀ကျပ် နှင့် ချောလတ်တစ်ပိဿာ ၁၀၀၀၀ကျပ်အထိ ဈေးကျသွားသည်။
နိုဝင်ဘာလ ၃၀ရက်တွင် ပုစွန်ချောကြီးတစ်ပိဿာ ၅၀၀၀၀ကျပ်စျေးရှိရာမှ ဒီဇင်ဘာလ ၇ ရက်တွင် ၄၅၀၀၀ကျပ်နှင့် ပုစွန်ချောလတ်မှာမူ တစ်ပိဿာ ၃၈၀၀၀ကျပ်မှ ၂၈၀၀၀ကျပ်သို့ ဈေးကျသွားခြင်း ဖြစ်သည်။










