BREAKING
June 6, 2025

ချွန်ဘူရီတွင် မြန်မာအချင်းချင်း ဓါးထိုးမှုဖြစ်

June 5, 2025

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်တွင် မြန်မာနိုင်ငံသားအချင်းချင်း ဓါးထိုးမှုဖြစ်ပြီး ဓါးထိုးခံရသူက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇွန်လ ၃ ရက်နေ့ ည ၉ နာရီခန့်က ဖန်ထောဒေသရှိ ကွေ့တီယိုဆိုင်ထဲတွင် မြန်မာအချင်းချင်း ဓါးထိုးမှုဖြစ်ခဲ့ခြင်းဖြစ်သည်။

ဓါးထိုးခံရသူသည် အသက် ၃၃ နှစ်အရွယ် ကျော်ကျော်မင်းအမည်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး ဝမ်းဗိုက်တွင် ဓါးထိုးသွင်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာသောအခါ မြန်မာနိုင်ငံသား၏ ဝမ်းဗိုက်ထဲမှ အူများ ထွက်နေသည်ကို တွေ့ရှိခဲ့ရပြီး သတိရှိနေသေးသဖြင့် အရေးပေါ်ကုသမှုပေးကာ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

အခင်းဖြစ်သောနေ့တွင် မြန်မာနိုင်ငံသား ၃ ဦး ကွေ့တီယိုဆိုင်ထဲ ရောက်ရှိလာပြီး အချင်းချင်း စကားပြောနေခဲ့ကြောင်း ရုတ်တရက် ရန်ဖြစ်ခဲ့ကြရာမှ ဓါးထုတ်၍ထိုးခဲ့ခြင်းဖြစ်ကြောင်း ဆိုင်ရှင်က ဖြေကြားထားသည်။

ဓါးထိုးသူအပါအဝင် မြန်မာနိုင်ငံသား နှစ်ဦးမှာ အခင်းဖြစ်ပြီးနောက် ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့၍ ၎င်းတို့၏ အချက်အလက်များကို စုံစမ်းနေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: CH 7, ဖန်ထောလူမှုကယ်ဆယ်ရေးအဖွဲ့