BREAKING
May 20, 2025

ဆန်ဈေးတက်နေသည့် ထားဝယ်ဈေးကွက်

May 4, 2025

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်ဈေးနှုန်းများမြင့်တက်လျက်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် ဧပြီလ ၂၆ ရက်တွင် အကယ်ဒမီရက် ၉၀ အမျိုးအစား ဆန်ကြမ်းတစ်အိတ်လျှင် ၁၀၇၀၀၀ ကျပ်စျေးရှိရာမှ မေလ ၃ ရက်တွင် ၁၁၃၅၀၀ကျပ်ဖြစ်သွားသည်။ တစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ်လျှင် ၆၅၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

ဆန်ချောအမျိုးအစားဖြစ်သည့် ရွှေဘိုပေါ်ဆန်းစင်္ကြာမင်းအမှတ်တံဆိပ် ဆန်ချောအမျိုးအစားမှာ ပြီးခဲ့သည့် သီတင်းပတ်က တစ်အိတ်လျှင်၁၉၀၀၀၀ကျပ်စျေးရှိပြီး မေလ ၃ ရက်တွင် ၁၉၁၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း အောင်သီဟ အမှတ်တံဆိပ် ဆန်ချော အမျိုးအစားမှာ ၁၈၉၅၀၀ကျပ်မှ ၁၉၁၅၀၀ကျပ်သို့ ဈေးမြင့်တက်သွားသည်။

ဆန်ချော အမျိုးအစားအပေါ်မူတည်ပြီး တစ်အိတ်လျှင် ကျပ် ၁၀၀၀ မှ ကျပ် ၂၀၀၀အထိ ဈေးမြင့်တက်သွားသည်။

ကြက်သွန်နီနှင့် အာလူး‌စျေးနှုန်းများမှာ ယခုသီတင်းပတ်အတွင်း ဈေးကျနေသည်။

ဧပြီလ ၂၆ ရက်တွင် ကြက်သွန်နီတစ်ပိဿာ ၂၈၀၀ကျပ်စျေးရှိရာမှ မေလ ၃ ရက်တွင် တစ်ပိဿာ ၂၇၀၀ကျပ်ဖြစ်သွားပြီ တစ်ပတ်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ၁၀၀ကျပ် ဈေးကျသွားသည်။

ထို့အတူ အာလူးမှာလည်း ယခုသီတင်းပတ်၌ တစ်ပိဿာလျှင် ကျပ် ၅၀၀ ဈေးပြန်ကျလာသည်။

ပြီးခဲ့သည့် သီတင်းပတ် ဧပြီလ ၂၆ ရက်တွင် အာလူးတစ်ပိဿာ ၅၀၀၀ ကျပ်မှ မေလ ၃ ရက်တွင်မူ တစ်ပိဿာ ၄၅၀၀ကျပ်သို့ ဈေးပြန်ကျသွားခြင်းဖြစ်သည်။