ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြို့ ကမ်းနားလမ်းနှင့် ကလေးကစားကွင်း လွတ်လပ်ရေးနေ့ ည‌နေခင်းမြင်ကွင်း

January 4, 2026

ထားဝယ်မြို့၊ ကမ်းနားလမ်း ကမ်းနားပန်းခြံနှင့် ကလေးကစားကွင်းတို့တွင် ယနေ့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ ည‌နေခင်းတွင် သွားရောက်လည်ပတ်သူများကို တွေ့ရသည်။

ထားဝယ်မြို့ ကလေးစားကွင်းအနီးရှိ ရွှေဝယ်သီရိအားကစားရင်ပြင်တွင်လည်း လွတ်လပ်ရေးနေ့ ဌာနဆိုင်ရာ ပြခန်းများ ပြသထားသည်။

ယင်းအပြင်ယနေ့ ထားဝယ်မြို့နယ်တွင် စစ်ကော်မရှင်က ညမထွက်ရအမိန့် တစ်ည ရုပ်သိမ်းပြီး ကမ်နားပန်းခြံတွင်လည်း တေးသံရှင်များဖြင့် လွတ်လပ်ရေးနေ့ တေးဂီတ ဖျော်ဖြေပွဲကျင်းပမည် ဖြစ်သည်။