BREAKING
October 19, 2025

ငလျင်ကြောင့် အပစ်ရပ်ကြတာ ဘာတွေကွဲပြားလဲ

April 3, 2025

အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံမှာ သေကြေပျက်စီးမှု အလွန်များပြားပြီး လူအများအပြား ဟာလည်း ပြိုကျနေတဲ့ အဆောက်အအုံတွေထဲ ပိတ်မိနေကြဆဲဖြစ်ပါတယ်။

ဧပြီလ ၃ရက် နံနက်အထိ စစ်ကောင်စီ ထုတ်ပြန်တဲ့ စာရင်းအရ သေဆုံးသူ ၃၀၀၀ ကျော်၊ ဒဏ်ရာရသူ ၄၆၀၀ ကျော်နဲ့ ပျောက်ဆုံးသူ ၄၀၀ ကျော် ရှိနေပါတယ်။

ဒီလို ငလျင်ဒဏ်ခံနေရချိန် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတာကြောင့် နိုင်ငံတကာ ဝေဖန် ပြစ်တင်မှုတွေ ရှိခဲ့ပြီး အခုလို သေရေးရှင်ရေးကာလမှာ အပစ်ရပ်ကြဖို့လည်း တိုက်တွန်းကြပါတယ်။

အခုရက်ပိုင်း အတွင်းမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်ကောင်စီအပါအဝင် လက်နက်တပ်ဖွဲ့တွေက အပစ်ရပ်ကြောင်း ကြေညာကြပါတယ်။

အပစ်ရပ်ကာလ၊ အပစ်ရပ်တာမှာ ပါဝင်တဲ့ ထူးခြားတဲ့အချက်တွေကို ကောက်နုတ်တင်ဆက်ထားပါတယ်။