တနင်္သာရီတိုင်းမှာ တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ စစ်ဘေးရှောင်အရေအတွက်ကလည်း ပိုများလာပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလစာရင်းအရ တိုင်းထဲမှာ စစ်ဘေးရှောင် ရှစ်သောင်းကျော်အထိ ရှိနေပါတယ်။
ဒီလိုအခြေအနေမှာ အလှူရှင်တွေကလည်း နည်းလာနေလို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေအနေနဲ့ လုံလုံလောက်လောက် မထောက်ပံ့နိုင်ဖြစ်နေတယ်လို့ဆိုပါတယ်။












