BREAKING
October 19, 2025

အခြေခံစားသောက်ကုန် အများစု အတက်စျေးမှာ ငြိမ်နေသည့် ယခုအပတ်ကုန်စည်စျေးကွက်

September 2, 2022

ထားဝယ်တွင် တစ်ပတ်အတွင်း ပြည်တွင်းစားသုံးဆန် တစ်အိတ်လျှင်ကျပ်တစ်ထောင် နှစ်ထောင့်ငါးရာအထိဈေးတက်သွားသည်။

အတက်ကြမ်းလျှက်ရှိသောရွှေဘိုဆန်(ပေါ်ဆန်း)မှာ ပြီးခဲ့သည့်အပတ်ကထက် ကျပ်တစ်ထောင်ဈေးကျပြီး တစ်သိန်းအောင် သို့ ရောက်ရှိမလာသေးပေ။

ပြည်တွင်းထုတ်စားသုံးဆီ အချို့မှာ ဩဂုတ်လ တစ်လအတွင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။

စားအုံးဆီ (ပုံးဝါ)တစ်ပုံးမှာ အရင်ပတ်ကထက် ၁၃၀၀၀ ခန့်ဈေးတက်ပြီး အချို့ဆိုင်များမှာ ပစ္စည်းပြတ်သည်အထိရှိနေသည်။

ပြည်တွင်းထုတ်ကြက်သွန်နီဈေးနှုန်းမှာ နှစ်လအတွင်း တစ်ပိဿာကို ကျပ်နှစ်ထောင် ခန့်မှစ၍ ဈေးတက်လာက ‌စက်တင်ဘာ ပထမပတ်တွင် တစ်ပိသာကျပ် ၃၈၀၀ ကျပ်ဖြင့် လေးထောင်နားကတ်လာပြီဖြစ်သည်။