BREAKING
October 22, 2025

ဆန်၊ ဆီ၊ အသား ဈေးတက်သည့် ထားဝယ်ဈေးကွက်

March 2, 2025

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်၊ ဆီနှင့် အသားများ ဈေးမြင့်တက်လျက်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ် ဖေဖော်ဝါရီ ၂၂ ရက်က အောင်သီဟတံဆိပ် ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၁၆၇၀၀၀ကျပ် စျေးရှိရာမှ မတ်လ ၁ ရက်တွင် ၁၆၇၅၀၀ကျပ် ဖြစ်လာသည်။

တစ်ပတ်အတွင်း ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်လျှင် ကျပ် ငါးရာဈေးတက်သွားခြင်းဖြစ်သည်။

ယင်းအပြင် ယခုသီတင်းပတ်အတွင်း ပြည်တွင်း၊ ပြည်ပထုတ် စားသုံးဆီများ ဈေးမြင့်တက်နေသည်။

ပြည်တွင်းထုတ် ရွှေအုံတံဆိပ်စားသုံးဆီမှာ ဖေဖော်ဝါရီ ၂၂ရက်တွင် တစ်ပိဿာ ၂၁၈၅၀ကျပ်မှ မတ်လ ၁ ရက်တွင် တစ်ပိဿာ ၂၃၂၀၀ကျပ်ဖြစ်သွားသည်။ ပြည်ပမှတင်သွင်းသည့် ပုစွန်နှစ်ကောင်တံဆိပ် စားသုံဆီမှာ ၁လီတာ ၈၀၀၀ ကျပ်မှ ၈၈၀၀ကျပ်၊ ပဲလုံးတံဆိပ်စားသုံးဆီမှာ တစ်လီတာ ၈၁၀၀ကျပ်မှ ၈၉၀၀ကျပ်သို့ အသီးသီး စျေးတက်သွားသည်။

တစ်ပတ်အတွင်း ပြည်တွင်းထုတ်စားသုံးဆီတစ်ပိဿာ ၁၃၅၀ကျပ်၊ ပြည်ပမှတင်သွင်းသည့် စားသုံးဆီတစ်လီတာ ရှစ်ရာကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

ဆန်နှင့် ဆီအပြင် ယခုသီတင်းပတ် ထားဝယ်ဈေးကွက်တွင် အသားဈေးများပါ မြင့်တက်လျက်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်က ကြက်သားတစ်ပိဿာ ၁၇၅၀၀ကျပ်စျေးရှိရာမှ မတ်လ ၁ရက်တွင် ၁၈၀၀၀ကျပ်၊ ဝက်သား တစ်ပိဿာ ၃၁၀၀၀ကျပ်မှ ၃၂၀၀၀ကျပ်၊ အမဲသားတစ်ပိဿာ ၂၁၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်သို့ အသီးသီဈေးတက်သွားသည်။

တစ်ပတ်အတွင်း ကြက်သားတစ်ပိဿာ ငါးရာကျပ်၊ ဝက်သားနှင့် အမဲသားတို့မှာ တစ်ပိဿာ တစ်ထောင်ကျပ် စျေးတက်သွားသည်။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ (ကျူကုတ်) နှင့် ရွှေအပ်ငရုတ်ခြောက်ဈေးနှုန်းများမှာ ယခုသီတင်းပတ်တွင်လည်း စျေးကျလာသည်ကို ဇယားပါစျေးနှုန်းများအတိုင်း တွေ့ရမည်ဖြစ်သည်။