BREAKING
November 1, 2025

ကြက်သွန်ဖြူနှင့် အာလူးဈေးကျပြီး ရွှေအပ်ငရုတ် ဈေးတက်လာသည့် ထားဝယ်ဈေးကွက်

November 1, 2025

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်ဖြူနှင့် အာလူးဈေးကျပြီး ရွှေအပ်ငရုတ်သီးခြောက် ဈေးမြင့်တက်နေသည်။

ပြီးခဲ့သည့် သီတင်းပတ် အောက်တိုဘာလ ၂၅ ရက်တွင် ကြက်သွန်ဖြူ ထူး၅ အမျိုးအစား တစ်ပိဿာလျှင် ၁၁၀၀၀ကျပ် စျေးရှိရာမှ ယခုသီတင်းပတ် နိုဝင်ဘာလ ၂ရက်တွင် တစ်ပိဿာ ၉၅၀၀ ကျပ်သို့ စျေးကျသွားသည်။

ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်မှ ၁၅၅၀၀ကျပ်နှင့် အာလူးတစ်ပိဿာ ၈၀၀၀ ကျပ်မှ ၇၅၀၀ ကျပ်သို့ ဈေးကျသွားသည်ကိုတွေ့ရသည်။

ထို့ကြောင့် တစ်ပတ်အတွင်း ကြက်သွန်ဖြူ ထူး ၅ တစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) နှင့် အာလူးတစ်ပိဿာလျှင် ၅၀၀ ကျပ်စီဈေးကျသွားကြခြင်း ဖြစ်သည်။

သို့သော် ယခုသီတင်းပတ်အတွင်း ရွှေအပ်ငရုတ်သီးခြောက်ဈေးမှာ တစ်ပိဿာလျှင် ၁၀၀၀ ကျပ် ဈေးတက်သွားသည်ကို တွေ့ရသည်။

ထားဝယ်ဈေးကွက်တွင် အောက်တိုဘာလ ၂၅ရက်က ရွှေအပ်ငရုတ်ခြောက်တစ်ပိဿာ ၁၄၀၀၀ ကျပ်သာ စျေးရှိရာမှ နိုဝင်ဘာလ ၂ရက်တွင်မူ တစ်ပိဿာ ၁၅၀၀၀ ကျပ်သို့ ဈေးတက်သွားခြင်းဖြစ်သည်။

ထားဝယ်တွင် စားသုံးသူများပြီး တိုင်းပြင်ပမှ တင်သွင်းသည့် ဆန်အမျိုးအစားများဖြစ်သည့် အကယ်ဒမီ ရက် ၉၀၊ ရွှေဘိုပေါ်ဆန်း (အောင်သီဟ) စသည့် ဆန်အမျိုးအစားများမှာ ဈေးဆက်တက်နေသည်ကို ဇယားပါ ဈေးနှုန်းများအတိုင်း တွေ့ရှိရမည်ဖြစ်သည်။

သို့သော် စားသုံးဆီနှင့် ကြက်သွန်နီ ဈေးနှုန်းများမှာဈေးဆက်တိုက်ငြိမ်နေသည်ကို တွေ့ရှိရသည်။