BREAKING
September 21, 2024

ထိပ်တန်းသတင်း

မြိတ်တွင် စွန့်ပစ်ထားသည့် ဝက်သေအချို့တွေ့၊ အကြောင်းရင်း စစ်ဆေးနေဆဲ

July 13, 2020

မြိတ်မြို့နှင့် ဝန်းကျင်ရှိ ချောင်းမြောင်းများအတွင်း ဝက်အသေများ စွန့်ပစ်ထားသည်ကို တွေ့ရှိရသဖြင့် စုံစမ်းစစ်ဆေးလျက် ရှိသည်။ စွန့်ပစ်ထားသည့် ဝက်များကို ဇူလိုင် ၁၀ ရက်က စတင်တွေ့ရှိရခြင်းဖြစ်ကြောင်း ရပ်ကွက်သားအချို့က ပြောဆိုခဲ့သလို စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုလည်း အတည်ပြုပြောဆိုသည်။ ယခုရက်ပိုင်းအတွင်း ဝက်အသေကောင် အများအပြား ချောင်းမြောင်းများအတွင်း စွန့်ပစ်ထားသည်ကို တွေ့ရှိရပြီး ယင်းကိစ္စကို စုံစမ်းနေကြောင်း ဦးမြတ်ကိုကိုက ပြောသည်။ “တော်တော်များများ ပစ်ထားတာ ကို တွေ့ရတယ်။ ပြီးတော့ ဝက်အသေတွေကို ဖျင်ပြီးတော့ ရောင်းချနေတယ်လို့လည်း ကြားရတယ်။ လိုက်စစ်ဆေး သလောက်တော့ မတွေ့ရသေးဘူး”ဟု ၎င်းင်းက ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ မြိတ်ရှိဈေးများတွင် လိုက်လံစစ်ဆေးမှုများ ပြုလုပ်နေကြောင်း […]

ထားဝယ်မြို့အတွင်း အိမ်လူနာများ ဆေးရုံတင်လိုက ကြက်ခြေနီထံ ဖုန်းဆက်ပါ

July 13, 2020

ထားဝယ်မြို့အတွင်းရှိ အိမ်လူနာများ ဆေးရုံတင်ရန် လူနာတင်ကားလိုအပ်ပါက ဖုန်းဆက်အကူအညီတောင်းခံနိုင်ကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ထံမှ သိရသည်။ အစိုးရဆေးရုံအပါအဝင် ပုဂ္ဂလိကဆေးရုံများသို့ တင်ဆောင်ရန်အတွက် ၂၄ နာရီပတ်လုံး ကြက်ခြေနီလူနာတင်ကား အကူအညီတောင်းနိုင်ကြောင်း ထားဝယ် မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးကိုကိုနိုင်က ဆိုသည်။ အိမ်လူနာကို ဆေးရုံသို့ပို့ပေးမည့် အစီအစဉ်ကို ဇူလိုင်လ ၁၃ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း အထက်ပါတပ်ဖွဲ့ထံမှ သိရသည်။ “ဖုန်းဆက်ပြီး ခေါ်လိုက်ရုံပဲ။ အားလုံး အခမဲ့။ တစ်ပြားလည်း ပေးစရာ မလိုဘူး” ဟု ဦးကိုကိုနိုင်က ပြောသည်။ ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်လူနာတင်ယာဉ်အသင်းကလည်း အရေးပေါ်လူနာများကို အခမဲ့သယ်ယူပို့ဆောင်ပေးနေသည်။ ကြက်ခြေနီတပ်ဖွဲ့မှ လူနာတင်ယာဉ်ကမူ မတော်တဆမှုဖြစ်သည့် အရေးပေါ် လူနာများကို သယ်ဆောင်မည်မဟုတ်ဘဲ အိမ်လူနာကိုသာ သယ်ဆောင်ပေးမည်ဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။ […]

NLD အစိုးရလက်ထက် ခရီးသွားလုပ်ငန်းအတွက် ကျွန်းနှစ်ခု ခွင့်ပြု

July 13, 2020

NLD အစိုးရစတင်တာဝန်ယူချိန်မှ လက်ရှိအချိန်ထိ တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းနှစ်ခုကို ခရီးသွားလုပ်ငန်းအတွက် တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း (BOT) စနစ်ဖြင့် ခွင့်ပြုခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးထံမှ သိရသည်။ ကော့သောင်းခရိုင်အတွင်းရှိ ငထွေးရူး ကျွန်းနှင့် ကျွန်းမဲကြီးတို့တွင် ခရီးသွားလုပ်ငန်းလုပ်ရန် ကုမ္ပဏီနှစ်ခုကို ခွင့်ပြုထားကြောင်း သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ဆိုသည်။ ယင်းကျွန်းများကို ၂၀၁၉ ခုနှစ် မတိုင်မီက နှစ် ၅၀ လုပ်ကိုင်ခွင့်ဖြင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ၎င်းက ပြောသည်။ ယခင်အစိုးရလက်ထက်ကလည်း မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်ရှိ ကျွန်း ပေါင်း ၁၀ ကျွန်းကို BOT စနစ်ဖြင့် လုပ်ခွင့်ပြုထားကြောင်း အထက်ပါ ဝန်ကြီးဌာနထံမှ သိရသည်။ လက်ရှိတွင်လည်း ကျွန်း ၁၂ […]

တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူး ပြောင်းလဲ

July 13, 2020

တနင်္သာရီတိုင်း၏ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးအတွက် အရေးပါသော ထိပ်တန်းနေရာ တစ်ခုဖြစ်သည့် ရဲတပ်ဖွဲ့မှူးနေရာကို အပြောင်းအလဲပြု လုပ်လိုက်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးသည် ရဲမှူးချုပ်အဖြစ် ရာထူးတိုးကာ ရဲလေ့ကျင့်ရေးအရာရှိချုပ်အဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ၎င်းင်းက ဇူလိုင်လ ၁၃ ရက်နေ့တွင် စတင်ပြောင်းရွေ့တာဝန်ထမ်းဆောင် မည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။ တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးအဖြစ် ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ကျော်က ပြောင်းရွှေ့လာမည်ဟု ဆိုသည်။ “(အသစ်) တိုင်းရဲမှူးကြီးလည်း တနင်္လာနေ့ အရောက်လာမယ်”ဟု ယင်းတာဝန်ရှိသူက ပြောသည်။ ရဲမှူးကြီးခင်မောင်အေးသည့် ၂၀၁၈ ခုနှစ် သြဂုတ်လတွင် တနင်္သာရီတိုင်း ရဲတပ်ဖွဲ့မှူးအဖြစ် စတင်တာဝန်ထမ်း ဆောင်ခဲ့ပြီး ၂ နှစ်နီးပါးအကြာတွင် ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။

ရုပ်သံသတင်း

ရွှေ့ပြောင်းလုပ်သား

စီးပွားရေးသတင်း

နိုင်ငံတကာသတင်း

တနင်္သာရီပုံရိပ်