ယခုနှစ်မိုးရာသီအတွင်း တောင်ကျရေနှင့် အတူပါလာသည့် ကျောက်တုံး ကျောက်ခဲများနှင့် စွန့်ပစ်မြေစာများကြောင့် ဖွတ်လက်တိုချောင်းတိမ်ကောခဲ့ပြီး ဥယျာဉ်ခြံမြေများပျက်စီးခဲ့ကြောင်း ကြက်ပေါင်ချောင်းကျေးရွာ ဒေသခံများ က ပြောသည်။ ကြက်ပေါင်ချောင်းကျေးရွာသည် ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ဟိန္ဒားကျေး ရွာအုပ်စုအတွင်းပါဝင်ပြီး ဖွတ်လက်တို ချောင်းမှာ ကြက်ပေါင်ချောင်းရွာကို ဖြတ်၍ စီးဆင်းနေသည့် ချောင်းတစ် ချောင်းဖြစ်သည်။ တိုင်းအတွင်းရှိ မိန်းကလေးငယ် တစ်သောင်းရှစ်ထောင်ခန့်ကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးပေးရန် လျာထား ဖွတ်လက်တိုချောင်းဖျားတောင်ပေါ်ရှိ ဖိုးလမိုင်း သတ္တုလုပ်ကွက်တွင် တောင်ပိုင်းကမ္ဘာသတ္တုတူးဖော်ရေးကုမ္ပ ဏီက သတ္တုလုပ်ပိုင်ခွင့်ရထားသည်။ ယခုသြဂုတ်လအတွင်း ချောင်းရေလျှံမှုနှစ်ကြိမ်ဖြစ်ခဲ့ပြီးနောက် ချောင်းအတွင်း ကျောက်တုံး၊ ကျောက်ခဲများ ဖုံးလွှမ်းခဲ့ကြောင်း ကြက်ပေါင်ချောင်း ရွာခံအချို့က ပြောသည်။ “ဒီချောင်းကအရင်က အနည်းဆုံး လူတစ်ရပ်စာလောက်နက်တယ်။ ၇ လ ပိုင်းလောက်အထိ ဘာမှမဖြစ်သေးဘူး။ အခုတော့ ကျောက်တွေပြည့်သွားပြီ” ဟု ကြက်ပေါင်ချောင်းရွာသား […]
တိုင်းအတွင်း အသက် ကိုးနှစ်မှ ၁၀ နှစ်ကြားရှိ မိန်းကလေးငယ် တစ်သောင်း ရှစ်ထောင်ခန့်ကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (အခမဲ့) ထိုးပေးရန် လျာထားသည်ဟု တနင်္သာရီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တိုးချဲ့ကာကွယ်ဆေးအဖွဲ့ခေါင်းဆောင် ဒေါက်တာမြတ်ဖြူပြာအေးက ပြောသည်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးပေးရန်အတွက် ဇူလိုင်လမှ စတင်ကာ စာရင်းကောက်ယူနေပြီး စက်တင်ဘာလ ၂၀ ရက်တွင် စတင်ထိုးပေးရန် စီစဉ်နေခြင်း ဖြစ်သည်။ တနင်္သာရီတိုင်းအတွင်း ကိုဗစ် စည်းကမ်းဖောက်သူ နှစ်ရာကျော်ကို အရေးယူ သားအိမ်ခေါင်းကင်ဆာရောဂါသည် ဗိုင်းရပ်စ်ပိုးတစ်မျိုး HPV (Human Papilloma Virus) ကြောင့် အများဆုံးဖြစ်ပွားသည်ဟု ဒေါက်တာမြတ်ဖြူပြာအေး က ပြောသည်။ “စပြီးတော့ ကူးစက်ခံရတာနဲ့ သူက ရောဂါလက္ခဏာမပေါ်သေးဘူး။ လူတစ်ယောက်ရဲ့ကိုယ်ခံအား ကောင်းတာနဲ့ နည်းတာနဲ့အပေါ် မူတည်ပြီး […]
တနင်္သာရီတိုင်းအတွင်း ကိုဗစ် ကပ်ဘေးစတင်ဖြစ်ပွားချိန်မှ လက်ရှိအချိန်ထိ ကိုဗစ်စည်းကမ်းဖောက်ဖျက်သူ နှစ်ရာကျော်ကို အရေးယူခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ တိုင်းအစိုးရက ကိုဗစ်စည်းကမ်းချက်များစတင်ထုတ်ပြန်ချိန်မှ သြဂုတ်လ ၂၄ ရက်နေ့အထိ ကိုဗစ်စည်းကမ်း ဖောက်ဖျက်သူ ၂၃၁ ဦးကို အရေးယူခဲ့ကြောင်း အထက်ပါရုံး၏ စာရင်းအရ သိရသည်။ ထားဝယ်တွင် လမ်းဘေးဆိုင်များ ထပ်ဖွင့်ခွင့်မပြုတော့ဟုဆို ကိုဗစ်ကာလအတွင်း သတ်မှတ် ဦးရေထက်ပိုသည့် လူစုလူဝေးမလုပ်ရန်၊ ထိုင်းနိုင်ငံမှ ပြန်လာပါက တရားဝင် နယ်စပ်ပေါက်မှသာ ဝင်ရန် ၊ KTV ဆိုင်များ ပိတ်ထားရန်စသည့် စည်းကမ်းချက်များအပြင် ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြထားသည်။ အထက်ပါကာလတွင် ညမထွက် ရအမိန့်ဖောက်ဖျက်သည့်အမှု ၁၁၃ မှု၊ တရားမဝင်နယ်စပ်ပေါက်မှ ဝင်လာသည့် အမှု ၆ မှု အပါအဝင် ကျန်းမာရေးစစ် ဆေးမှုကို နှောင့်ယှက်သည့်အမှု၊ […]
၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်း အရေအတွက်မှာ ယခင်ရွေးကောက်ပွဲထက် ၆ ရာခိုင်နှုန်းခန့် တိုးလာကြောင်း တနင်္သာရီတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ (ရွေး/ကော်) စာရင်းအရ သိရသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ရွေး/ ကော်က အတည်ပြုထားသည့် ကိုယ်စားလှယ်လောင်း ၁၇၈ ဦးရှိသည့်အနက် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၈ ဦးသာရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၀ ရာခိုင်နှုန်း ဖြစ်သည်။ လက်ရှိတွင် ပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း၂၇၃ ဦးရှိပြီး အမျိုးသမီး ကိုယ်စားလှယ်လောင်း က ၄၃ ဦးအထိ ပါဝင်လာရာ ရာခိုင်နှုန်းအားဖြင့် ၁၆ ရာခိုင်နှုန်းဝန်းကျင် ဖြစ်သည်။ အမျိုးသမီးကိုယ်စားလှယ်လောင်း ပါဝင်မှုများလာခြင်းက ကောင်းသည့် ရလဒ်တစ်ခုဖြစ်သော်လည်း ကဏ္ဍအသီးသီးတွင် အမျိုးသမီးပါဝင်မှု သုံးဆယ်ရာခိုင်နှုန်း ပြည့်မီစေရေး တိုက်တွန်းချက်ကိုမူ ပြည့်မီခြင်းမရှိသေးကြောင်း ထားဝယ် […]
Dawei Watch သတင်းဌာနကို ၂၀၁၂ ခုနှစ် မေလတွင်ထားဝယ်မြို့ အခြေစိုက် စတင် တည်ထောင်ခဲ့သည်။ Dawei Watch သည် ကနဦးတွင် တစ်နိုင်ငံလုံးခြုံထုတ်ဝေသည့် နေ့စဉ် သတင်းစာများ၊ အပတ်စဉ်များကို အဓိကအားဖြင့် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်အတွင်းမှ သတင်းများ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ယင်းအပြင် ထူးခြားမှုအလိုက် ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားများ သတင်းကိုလည်း တင်ဆက်သည်။