ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်က ထိုင်းထီပထမဆု ဘတ်ခြောက်သန်း (ကျပ်သိန်း ၃၀၀၀ ကျော်) ပေါက်သည့် နေအိမ် မေလ ၁၇ ရက်နေ့က ဓားပြတိုက်ခံရကြောင်း ဒေသခံအချို့ထံမှသိရသည်။ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်က ဒေသခံတစ်ဦးသည် ဧပြီလ ၁ ရက်က ဖွင့်လှစ်သည့် ထိုင်းထီတွင် ပထမဆုပေါက်ခဲ့သည်။ အဆိုပါ ဒေသခံ၏ နေအိမ် ဓားပြတိုက်ခံရခြင်းဖြစ်ပြီး ရွှေနှင့် ငွေကြေး ကျပ်သိန်းတစ်ရာကျော် ပါသွားကြောင်း ၎င်းနှင့် တစ်ရွာတည်းနေသည့် ဒေသခံတစ်ဦးက ပြောသည်။ “မနက် ငါးနာရီလောက်မှာ လာတိုက်သွားတာ။ အိမ်နီးချင်းတွေတောင် ဘယ်သူမှ မသိလိုက်ကြဘူး။ သေနတ်တွေလည်း ပစ်ဖောက်သွားကြသေးတယ်” ဟု အဆိုပါဒေသခံတစ်ဦးက ပြောဆိုသည်။ ဓားပြတိုက်ခံရချိန်တွင် နေအိမ်တွင် ထီပေါက်သူတို့ ဇနီးမောင်နှံ၊ ဆယ်နှစ်အရွယ်နှင့် ငါးနှစ်အရွယ် ကလေးနှစ်ဦး ရှိနေခဲ့ကြောင်း ဒေသခံအချို့က […]
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်သမားကတ်အသစ် ပြုလုပ်ပေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ မေလ ၁၉ ရက်နေ့က ကျင်းပသည့် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အစည်းအဝေးတွင် မြန်မာ၊လာအို၊ ကမ္ဘောဒီးယား၊ ဗီယမ်နမ်နိုင်ငံများမှ တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများကို အလုပ်သမားကတ် ပြုလုပ်ပေးမည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာက ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းအစီအစဉ်တွင် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော Work permit(အလုပ်လုပ်ကိုင်ခွင့် လက်မှတ်) မရှိသေးသူနှင့် သက်တမ်းကုန်ဆုံးနေသောသူများ အားလုံးအကျုံးဝင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ ယခုပြုလုပ်ပေးမည့် အလုပ်သမားကတ်သည် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော အထောက်အထားမဲ့ အလုပ်သမားများအတွက်သာဖြစ်ပြီး အသစ်ရောက်ရှိလာမည့်သူများ မပါဝင်သေးကြောင်း ဝန်ကြီးချုပ်ကဆိုသည်။ အလုပ်သမားကတ်ပြုလုပ်မည့် အလုပ်သမားစာရင်းကို ဇွန်လ ၁၆ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အတွင်း အလုပ်ရှင်များက တင်ပြရမည်ဖြစ်သည်ဟု ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) မှ […]
ဗီယက်နမ်နိုင်ငံတွင် ကျင်းပနေသည့် ဆီးဂိမ်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းသူနှစ်ဦးက ဂျူဒိုနှင့် လက်ဝှေ့အားကစားနည်းတို့တွင် ဒုတိယဆုနှင့် တတိယဆုများ အသီးသီး ရရှိခဲ့ကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)ကို ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် မေလ (၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်သည်။ ယင်းဆီးဂိမ်းပြိုင်ပွဲတွင် သရက်ချောင်းမြို့နယ်သူ မခြူးမြတ်နိုးဝေက ဂျူဒို ၅၇ ကီလိုတန်းတွင် ဒုတိယဆု ငွေတံဆိပ်ရရှိခဲ့ပြီး ပုလောမြို့နယ်သူ မအေးငြိမ်းထူးမှာ လက်ဝှေ့ ၄၈ ကီလိုတန်းတွင် တတိယဆု ကြေးတံဆိပ်ကို ရရှိခဲ့ခြင်းဖြစ်သည်။ မအေးငြိမ်းထူးမှာ ၂၀၁၉ ခုနှစ်ကပြုလုပ်သည့် ဖီလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင်လည်း လက်ဝှေ့အားကစားနည်းဖြင့် တတိယဆု ကြေးတံဆိပ်ဆွတ်ခူးပေးထားသူဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တနင်္သာရီတိုင်းမှ အမျိုးသမီး အားကစားသမား ၄ ဦးဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး […]
Covid-19 ကာကွယ်ဆေးများ ပေးပို့ရန် အမေရိကန်ပြည်ထောင်စုက ကမ်းလှမ်းချက်ကို မြောက်ကိုရီးယားက ပြန်လည်တုံ့ပြန်ခြင်း မရှိဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒင် က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားတွင် Covid-19 ရောဂါပြန့်နှံ့မှုက ပြင်းထန်နေပြီး၊ ပထမဆုံးအကြိမ် ပြင်ပကမ္ဘာသို့ ပေါက်ကြားလာသော အလုံပိတ်နိုင်ငံအတွင်းရှိ ကပ်ရောဂါ ပြန့်နှံ့မှု ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံတွင် ပြည်သူ ၂ဒသမ၅သန်း ဖျားနာနေပြီး တစ်နိုင်ငံလုံး အသွားအလာကန့်သတ် ပိတ်ဆို့ lockdown ပြုလုပ်ထားကြောင်း အစိုးရ မီဒီယာက ထုတ်ပြန်ထားသည်။ မြောက်ကိုရီးယားနိုင်ငံအတွင်း ရောဂါစစ်ဆေးမှုများ၊ ကာကွယ်ဆေးများ နည်းနေသောကြောင့် အခြေအနေသည် ထိခိုက်လွယ်လျက်ရှိကြောင်း BBC သတင်းက ဖော်ပြထားသည်။ “ကာကွယ်ဆေးကျွန်တော်တို့ ကမ်းလှမ်းပါတယ်။ မြောက်ကိုရီးယားကိုမှ မဟုတ်ပါဘူး။ တရုတ်ကိုလည်း ပြောထားပါတယ်။ ဒါကို ကျွန်တော်တို့ ချက်ခြင်း ပြင်ဆင်လုပ်ပေးနိုင်ပါတယ်” ဟု သမ္မတဘိုင်ဒင် က တောင်ကိုရီးယားသမ္မတနှင့် ပြုလုပ်သော ဆိုးလ်မြို့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ […]
Dawei Watch သတင်းဌာနကို ၂၀၁၂ ခုနှစ် မေလတွင်ထားဝယ်မြို့ အခြေစိုက် စတင် တည်ထောင်ခဲ့သည်။ Dawei Watch သည် ကနဦးတွင် တစ်နိုင်ငံလုံးခြုံထုတ်ဝေသည့် နေ့စဉ် သတင်းစာများ၊ အပတ်စဉ်များကို အဓိကအားဖြင့် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်အတွင်းမှ သတင်းများ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ယင်းအပြင် ထူးခြားမှုအလိုက် ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားများ သတင်းကိုလည်း တင်ဆက်သည်။