video

ပင်ပန်းဆင်းရဲမှုကြားက ပရဟိတစာသင်ကြားမှု လုပ်နေတဲ့ ထိုင်းရောက် CDM ဆရာမ

ထိုင်းမှာရောက်နေတဲ့ CDM ဆရာမတွေဟာ သစ်လုပ်ငန်းတွေ၊ စက်ရုံတွေလို ကြမ်းတမ်းတဲ့ လုပ်ငန်းခွင်တွေမှာ ဝင်ငွေတစ်ခုအတွက် လုပ်ကိုင်နေရပေမဲ့ ကိုယ်ပိုင်နားချိန်မှာ မြန်မာကလေးတွေ အနာဂတ်အတွက် အခမဲ့စာသင်ကြားတဲ့ အလုပ်ကို စွမ်းစွမ်းတမံလုပ်နေကြပါတယ်။ သူတို့ ဘယ်လိုအခက်အခဲတွေကြုံနေရလဲ။ သူတို့ယုံကြည်ချက်က ဘာလဲဆိုတာကိုတင်ဆက်ပေးလိုက်ပါတယ်။

မဲဆောက်တွင် ပီတိအိမ်က မြန်မာကလေးငယ်၊ လူငယ်များအတွက် အခမဲ့‌သင်တန်းများဖွင့်လှစ်

ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်မြို့တွင် မြန်မာရွှေ့ပြောင်း ကလေးငယ်များနှင့် လူငယ်များ အခမဲ့တက်ရောက် နိုင်သော သင်တန်းများကို ဇန်နဝါရီလ အစောပိုင်းတွင် စတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်း Joy House (ပီတိအိမ်) ထံမှ သိရသည်။ ထိုင်းနိုင်ငံသားများနှင့်အတူ ယခင်က...
video

မှုန်ရီဆိုင်းတဲ့ တိုင်းမြန်မာထဲ နှလုံးသားနဲ့ရင်းပြီး ရင်ကွဲခဲ့ရသူ သီပေါဟော်နန်းရဲ့နောက်ဆုံးမဟာဒေဝီ အပိုင်း(၂)

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ အင်းဂ် အီဘာဟတ်ဒ်တစ်ယောက် စဝ်ကြာဆိုင်နဲ့ လက်ထပ်ပြီးတဲ့နောက် မြန်မာနိုင်ငံဆီကို သင်္ဘောစီးပြီး ဇနီးမောင်နှံ အတူတကွ ရောက်လာတော့မှပဲ သူလက်ထပ်လိုက်သူဟာ သီပေါစော်ဘွားဖြစ်နေတာဆိုတာကို သိလိုက်ရတယ်ဆိုတဲ့နေရာမှာ အဆုံးသတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဆီရောက်တော့ သူရဲ့ခင်ပွန်းက သီပေါစော်ဘွားဖြစ်နေတဲ့အတွက် အင်းဂ်...

လောင်းလုံးတွင် ပျောက်ဆုံးနေသည့်ကလေးငယ်ကို တောထဲတွင် အသက်ရှင်လျက်ပြန်တွေ့

လောင်းလုံးမြို့၊ (က) ရပ်ကွက်တွင် စက်တင်ဘာလ ၈ ရက်နေ့က နေအိမ်မှ ပျောက်ဆုံးသွားသည့် ကလေးငယ်ကို အသက်ရှင်လျက်ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ ကလေးပျောက်ဆုံးချိန်ကစပြီး ရပ်ကွက်သူ၊ ရပ်ကွက်သားများနှင့် မြို့ခံပရဟိတလူငယ်များ ပူးပေါင်းရှာဖွေခဲ့ရာ တစ်ရက်အကြာ ယနေ့...

မြိတ်တွင် မွေးကင်းစကလေး စွန့်ပစ်ထား၊ တွေ့ရှိချိန်တွင်သေဆုံးနေ

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ဇေယျာသီရိ ၃ ရပ်ကွက်၊ပေါ်ဦးတံတားအောက်တွင် မွေးကင်းစမိန်းကလေးတစ်ဦး လာရောက်စွန်ပစ်ထားသည်ကို ယနေ့နံနက်ပိုင်းကတွေ့ရပြီး တွေ့ရှိချိန်တွင် သေဆုံးနေပြီဖြစ်ကြောင်း သိရသည်။ "ကလေးက သေနေပြီ လုံချည်လေးခင်းပြီး လာပစ်ထားတာ။ ပိုက်ဆံတစ်ထောင်တန် သုံးချပ်လည်းတွေ့ရတယ်"ဟု ယင်းရပ်ကွက်နေ အမျိုးသမီး...

ချင်းမိုင်က ၁၃ နှစ်အရွယ်မိန်းကလေးအဓမ္မပြုကျင့်ခံရမှုတွင် မြန်မာလုပ်သားနှစ်ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်တွင် အသက် ၁၃နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ မြန်မာအလုပ်သမားနှစ်ဦးကို ဖမ်းဆီးထားကြောင်း ချင်းမိုင်ခရိုင် ချန်းဖုအ်ရဲစခန်းက ဖေဖော်ဝါရီလ ၃ ရက်တွင် ထုတ်ပြန်သည်။ ချင်းမိုင်ခရိုင် ဖန်းဒေသခံ အသက်...
video

ကိုယ်ခန္ဓာ ၈၅ ရာခိုင်နှုန်း မသန်စွမ်းပေမယ့် စီရော်နယ်ဒိုနဲ့ မက်ဆီ ပုံတူပန်းချီကားတွေ ရေးဆွဲရင်း နာမည်ကျော်ခဲ့တဲ့ အီရန်နိုင်ငံသူ ဖာတီမီ

သူမရဲ့နာမည်က ဖာတီမီ ဟာမာမီ ဖြစ်ပါတယ်။ အီရန်နိုင်ငံသူ ပန်းချီအနုပညာရှင်တစ်ယောက်ပါ။ သူမ ခုံမင်ဖက်တွယ်တာက ပန်းချီရေးဆွဲမှုပါပဲ။ ပန်းချီရေးဆွဲနေရတာဟာ သူမအတွက် ဘဝနာကျင်မှုတွေကို သက်သာရာရစေတယ်လို့ ဖာတီမီက ခံယူထားပါတယ်။ ဖာတီမီ ဆီမှာ ဘာကြောင့် ဘဝနာကျင်မှုတွေ...
video

နယ်သာလန်နိုင်ငံရဲ့ စွမ်း‌ဆောင်ရှင်ဆုကို ရရှိခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံတောင်ပိုင်းသူလေး

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှာ ‌မွေးဖွားခဲ့ပြီး နယ်သာလန်နိုင်ငံကို ရောက်ရှိခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံတောင်ပိုင်းသူလေး မဧကရီစိုးဟာ Golden Girl Award လို့ခေါ်တဲ့ ရွှေသမီးဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။ တနင်္သာရီတိုင်းသား မိဘနှစ်ပါးက မွေးဖွားခဲ့လို့...
video

မီးလျှံကြားကနေ ပွင့်လာခဲ့တဲ့ ပန်းတစ်ပွင့် (သို့မဟုတ်) တင်းနစ်နတ်သမီး ရှာရာပိုဗာ

ဒီတစ်ပတ်မှာတော့ Dawei Watch ရဲ့အမျိုးသမီးကဏ္ဍမှာ တင်ဆက်ဖို့အတွက် ရွေးချယ်လိုက်တဲ့သူက တင်းနစ်မယ် ရှာရာပိုဗာ ပဲ ဖြစ်ပါတယ်။ သာမန်အနေနဲ့ ကြည့်လိုက်ရင် ရှာရာပိုဗာက ဒီနေ့ ဒီအချိန်မှာ အမေရိကန်ဒေါ်လာ သန်းရာချီ ကြွယ်ဝချမ်းသာသူ အမျိုးသမီးတစ်ယောက်...

မင်းထိန်ရွာက အမျိုးသမီးခြောက်ဦး ပြန်လွတ်လာ

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာက ဖမ်းဆီးခေါ်ဆောင်ခံရသည့် ဒေသခံ ၁၀ဦးအနက် အမျိုးသမီခြောက်ဦး ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများထံမှ သိရသည်။ မတ်လ ၁၉ ရက်က မင်းထိန်ကျေးရွာသို့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်ခဲ့ပြီးနောက် အမျိုးသမီး ခြောက်ဦးနှင့် အမျိုးသား...