မှုန်ရီဆိုင်းတဲ့ တိုင်းမြန်မာထဲ နှလုံးသားနဲ့ရင်းပြီး ရင်ကွဲခဲ့ရသူ သီပေါဟော်နန်းရဲ့နောက်ဆုံးမဟာဒေဝီ အပိုင်း(၂)

0
3232

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ အင်းဂ် အီဘာဟတ်ဒ်တစ်ယောက် စဝ်ကြာဆိုင်နဲ့ လက်ထပ်ပြီးတဲ့နောက် မြန်မာနိုင်ငံဆီကို သင်္ဘောစီးပြီး ဇနီးမောင်နှံ အတူတကွ ရောက်လာတော့မှပဲ သူလက်ထပ်လိုက်သူဟာ သီပေါစော်ဘွားဖြစ်နေတာဆိုတာကို သိလိုက်ရတယ်ဆိုတဲ့နေရာမှာ အဆုံးသတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဆီရောက်တော့ သူရဲ့ခင်ပွန်းက သီပေါစော်ဘွားဖြစ်နေတဲ့အတွက် အင်းဂ် အီဘာဟတ်ဒ်ဟာ ချက်ချင်းဆိုသလိုပဲ မဟာဒေဝီ ဖြစ်သွားခဲ့ပါတယ်။ သီပေါဟော်နန်း မဟော်ဒေဝီအဖြစ် အစပြုချိန်မှာ အင်းဂ် အီဘာဟတ်ဒ်အတွက် အစစအရာရာ ပျော်စရာအတိပါပဲ။

သူတို့ဇနီးမောင်နှံကို အရှေ့တောင်အာရှတစ်ခွင်မှာ ပြည်သူချစ်တဲ့ အုပ်ချုပ်သူများလို့ အမည်မှည့်ခေါ်ခံရတဲ့အထိကို အရှိန်အဝါကြီးခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၁၉၆၂ ခုနှစ် ဖြစ်စဉ်အပြီးမှာတော့ အင်းဂ် အီဘာဟတ်ဒ်ရဲ့ဘဝက မှောင်အတိကျခဲ့ရပါတော့တယ်။

ခင်ပွန်းသည်က ဖမ်းဆီးထိန်းသိမ်းခံရပြီး အကျဉ်းထောင်ထဲမှာ အသက်ဆုံးပါးသွားခဲ့ရသလို သူမနဲ့ လူမမယ်အရွယ် သမီးငယ်လေး နှစ်ယောက်က စီအိုင်အေသူလျှိုလို့ စွပ်စွဲခံရမှုနဲ့အတူ နေအိမ်အကျယ်ချုပ် ၂ နှစ်နေလိုက်ရပါတယ်။

အဲ့ဒီနောက်မှာတော့ မြန်မာပြည်ကို စွန့်ခွာကာ မွေးရပ်မြေ ဩစတြီးယားနိုင်ငံဆီကို ပြန်လည်ထွက်ပြေးပြီး သီပေါဟော်နန်းရဲ့နောက်ဆုံးမဟာဒေဝီက ဘဝကို အသစ်တဖန် ပြန်လည်စတင်ခဲ့ရပါတယ်။

သီပေါဟော်နန်း နောက်ဆုံးမဟာဒေဝီရဲ့ဘဝလမ်းမက ဘယ်လောက်အထိ ကြမ်းတမ်းခက်ခဲခဲ့သလဲဆိုတာကို အခုတစ်ပတ် အပိုင်း(၂) မှာ ဆက်လက် တင်ဆက်ပေးလိုက်ပါတယ်။