မီးလျှံကြားကနေ ပွင့်လာခဲ့တဲ့ ပန်းတစ်ပွင့် (သို့မဟုတ်) တင်းနစ်နတ်သမီး ရှာရာပိုဗာ

0
2916

ဒီတစ်ပတ်မှာတော့ Dawei Watch ရဲ့အမျိုးသမီးကဏ္ဍမှာ တင်ဆက်ဖို့အတွက် ရွေးချယ်လိုက်တဲ့သူက တင်းနစ်မယ် ရှာရာပိုဗာ ပဲ ဖြစ်ပါတယ်။

သာမန်အနေနဲ့ ကြည့်လိုက်ရင် ရှာရာပိုဗာက ဒီနေ့ ဒီအချိန်မှာ အမေရိကန်ဒေါ်လာ သန်းရာချီ ကြွယ်ဝချမ်းသာသူ အမျိုးသမီးတစ်ယောက် ဖြစ်လို့နေပါပြီ။ ဒါပေမဲ့ ဒီဘဝကို ရောက်ရှိဖို့ ရှာရာပိုဗာ ဖြတ်သန်းလာခဲ့ရတဲ့လမ်းက ကြမ်းတမ်းလွန်းခြင်းမက ကြမ်းတမ်းလွန်းလှပါတယ်။

ချာနိုဘိုင်း နျူကလီးယားစက်ရုံ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် တစ်မိသားစုလုံး နေရပ်စွန့်ခွာ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဘဝကနေ ရှာရာပိုဗာရဲ့ဘဝက သုညကနေ စခဲ့ရတာပါ။

တင်းနစ်မယ်ဖြစ်ဖို့အရေး အမေက ပတ်စ်ပို့ မရရှိလို့ နေရပ်မှာ ကျန်ခဲ့ရပြီး သားအဖနှစ်ယောက်တည်း အမေရိကန်ပြည်ထောင်စုဆီကို အမေရိကန်ဒေါ်လာ ၇၀၀ တည်းနဲ့ သွားခဲ့ရတဲ့ဘဝကနေ အစပြုခဲ့ရတာပါ။

ဒီကြားထဲမှာ ရှာရာပိုဗာတစ်ယောက် တင်းနစ်သင်တန်းကျောင်း တက်နိုင်စေဖို့အတွက် အဖေဖြစ်သူက စားသောက်ဆိုင်မှာ ဝန်ထမ်းဝင်လုပ်ရတဲ့ ဘဝဇာတ်နာတာတွေလည်း ရှိခဲ့ပါသေးတယ်။

အဲ့ဒီလို ဘဝမီးလျှံတွေကြားကနေ ရှာရာပိုဗာတစ်ယောက် ဒီနေ့ ဒီဘဝကို ပိုင်ဆိုင်ရရှိဖို့အတွက် ဘယ်လောက်အထိ ရေကုန်ရေခမ်းး ကြိုးစားတည်ဆောက်ခဲ့ရသလဲဆိုတာကို Dawei Watch ပရိသတ်တွေအတွက် အမျိုးသမီးကဏ္ဍကနေ တင်ဆက်ပေးလိုက်ပေးပါတယ်။