မြိတ်တွင် မွေးကင်းစကလေး စွန့်ပစ်ထား၊ တွေ့ရှိချိန်တွင်သေဆုံးနေ

0
2993
ဓါတ်ပုံ - ထည်ဝါမောင်(ဂရုနာနာရေးကူညီမှာအသင်း)

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ဇေယျာသီရိ ၃ ရပ်ကွက်၊ပေါ်ဦးတံတားအောက်တွင် မွေးကင်းစမိန်းကလေးတစ်ဦး လာရောက်စွန်ပစ်ထားသည်ကို ယနေ့နံနက်ပိုင်းကတွေ့ရပြီး တွေ့ရှိချိန်တွင် သေဆုံးနေပြီဖြစ်ကြောင်း သိရသည်။

“ကလေးက သေနေပြီ လုံချည်လေးခင်းပြီး လာပစ်ထားတာ။ ပိုက်ဆံတစ်ထောင်တန် သုံးချပ်လည်းတွေ့ရတယ်”ဟု ယင်းရပ်ကွက်နေ အမျိုးသမီး ကပြောသည်။

ချက်ကြိုးတန်းလန်းဖြင့် သေဆုံးနေသည်ဖြစ်ရာ သေသွား၍ လာပစ်ထားသည်မျိုး ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်။

အဆိုပါမိန်းကလေးငယ်၏ ရုပ်အလောင်းအား ဂရုဏာနာရေးကူညီမှု အသင်းမှ လာရောက်သယ်ယူကာ ဘာသာစုံသင်္ချိုင်းတွင် မြေမြှုပ်လိုက်ပြီဖြစ်ကြောင်း နာရေးကူညီမှုအသင်းများထံမှသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းကလည်း မြိတ်မြို့၊အဝေးပြေးကားဝင်းအနီး ခြုံပုတ်တွင် မွေးကင်းစကလေးအသေ စွန့်ပစ်မှုဖြစ်ပွါးခဲ့သေးကြောင်း နာရေးကူညီမှုအသင်းများ ထံမှသိရသည်။

ကလေးစွန့်ပစ်မှု ဖြစ်ပွားခဲ့သည့် နှစ်နေရာစလုံးမှာ အခြေခံလူတန်းစား အများဆုံးနေထိုင်ကြသည့် ရပ်ကွက်များတွင်ဖြစ်သည်။