Dawei Watch, Dawei News, Dawei News Media

ကမြောကင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် သေနတ်ဖြင့် ပစ်သတ်ခံရ

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ဇွန်လ ၄ ရက်နေ့ နံနက်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကျေးရွာအုပ်စု အတွင်းရေးမှူးဖြစ်သူ ဦးဉာဏ်သိန်း ခေါ် ဦးအာလူးကို ယနေ့ နံနက်...

လောင်းလုံး ရေဖြူကျေးရွာ သပိတ်စစ်ကြောင်း ဖြိုခွဲခံရ

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာသပိတ်စစ်ကြောင်းအား ယနေ့နံနက် ၁၁ နာရီခန့်က အရပ်ဝတ် လက်နက်ကိုင်မျာ ၏ လိုက်လံဖြိုခွဲခံရ‌ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယင်းသပိတ်စစ်ကြောင်းသည် ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာ အရောက်တွင် အရပ်ဝတ်လက်နက်ကိုင်ခြောက်ဦး စီးနင်းလိုက်ပါလာသည့် အဖြူရောင်အိမ်စီးကားတစ်စီးက...
Dawei Watch, Dawei News, Dawei News Media

ဘဏ်တွင် ငွေထုတ်ရခက်ခဲမှုကြောင့် သမဝါယမ စုငွေများ အပြည့်မရ ဟုဆို

ထားဝယ်ခရိုင်အတွင်း ဘဏ်အပ်ငွေများကို အကန့်အသတ်ဖြင့်သာ ထုတ်ယူနေရသဖြင့် သမဝါယမ စုငွေများအပြည့်မရဘဲဖြစ်နေကြောင်း ယင်းအသင်းသားအချို့က ပြောဆိုကြသည်။ သမဝါယမ အသင်းသားတစ်ဦးလျှင် ငါးသိန်းကျပ်၊ ဆယ်သိန်းကျပ်မှ ကျပ်သိန်းနှစ်ဆယ်အထိ စုငွေများရရန်ရှိနေကြသည်ဟု ၎င်းတို့က ပြောဆိုသည်။ ယင်းစုငွေများအား သမဝါသမအသင်းတာဝန်ရှိသူက...
Dawei Watch, Dawei News, Dawei News Media

အလုပ်ထုတ်ခံရသည့် စိုက်ပျိုးရေး ဝန်ထမ်းများထံမှ လျော်ကြေးတောင်း

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်ခြင်းကြောင့် အလုပ်ထုတ်ခံရသည့် တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများထံမှ ‌တစ်ဦးလျှင် ဆယ်သိန်းကျပ် လျော်ကြေးတောင်းခံနေကြောင်း စုံစမ်းသိရှိရသည်။ ဝန်ထမ်းအဖြစ် သုံးနှစ်တာဝန်ထမ်းဆောင်မည်ဟု စာချုပ်ချုပ်ဆိုထားပြီး သတ်မှတ်ကာလ မပြည့်ခင် အလုပ်ထွက်လိုက်သဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ...

ရပ်ကွက်သပိတ်

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် မေလ ၅ ရက်နေ့ ညနေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သည်။

ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရပြီး လူတစ်ဆယ်ကျော် အဖမ်းခံရ

ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်း စထွက်ရန်ပြင်နေစဉ် ရဲနှင့်စစ်တပ်ရောက်လာပြီး ပစ်ခတ်ဖြိုခွင်းသဖြင့် ပြည်သူ တစ်ဆယ်ကျော် အဖမ်းခံခဲ့ရကြောင်း သပိတ်စစ်ကြောင်းတွင် လိုက်ပါသူအချို့ထံမှ သိရသည်။ မေလ ၁၁ ရက် နံနက် ၈ နာရီခွဲဝန်းကျင်တွင် ဘုမ္မော်ရပ်ကွက်အတွင်း သပိတ်စစ်ကြောင်းထွက်ရန်ပြင်ဆင်နေစဉ် အိမ်စီးကားနှစ်စီးဖြင့်ရောက်လာပြီး...
Dawei Watch, Dawei News, Dawei News Media

ထားဝယ်တွင် လူငယ်တစ်ဆယ်ကျော်အဖမ်းခံရ

နေ့စဉ်ရက်ဆက်မပျက် ဆန္ဒပြနေသော ထားဝယ်တွင် မေလ ၂၉ ရက်ညနေပိုင်းတွင် လူငယ်တစ်ဆယ်ကျော်အဖမ်းခံလိုက်ရကြောင်း စုံစမ်းသိရှိရသည်။ ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက် Mickey စားသောက်ဆိုင်တွင် လူငယ်ဆယ်ဦးခန့် အဖမ်းခံလိုက်ရသည်ဟု ထားဝယ်ရိုင် သပိတ်ကော်မတီက ထုတ်ပြန်ထားသည်။

ဒက္ခိဏသတင်းထောက်အမှု မေလ ၁၉ ရက်နေ့ ပြန်ချိန်း

ပုဒ်မနှစ်ခုဖြင့် တရားစွဲခံထားရသည့် ထားဝယ်အခြေစိုက် ဒက္ခိဏသတင်းဌာန သတင်းထောက် ကိုနိုင်လင်းထွန်းအမှုကို မေလ ၁၉ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။ Dakkhina Insight (ဒက္ခိဏ) သတင်းထောက် ကိုနိုင်လင်းထွန်းသည် ဧပြီလ...
Dawei Watch, Dawei News, Dawei News Media

သရက်ချောင်းမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခံရ

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသက်စိုး ယနေ့နံနက် ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ယင်းကျေးရွာသားအချို့ထံမှ သိရသည်။ နံနက် ၉ နာရီခန့်တွင် မျက်နှာဖုံးစွပ်ထားသူ လူခြောက်ဦးက ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း...
Dawei Watch, Dawei News, Dawei News Media

သဘောဆိပ်ရွာသား ခြောက်ဦး အဖမ်းခံရ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ် သဘောဆိပ်ကျေးရွာတွင် မေလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက ရွာသားခြောက်ဦးကို တပ်ကောင်စီ တပ်ဖွဲ့ဝင်များလာ ဖမ်းဆီးသွားကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရှိရသည်။ မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခံရသည်ကို ရှင်းရှင်းလင်းလင်း မသိရကြောင်း အဖမ်းခံရသူ၏ ဆွေမျိုးတော်စပ်သူတစ်ဦးက...