BREAKING
July 26, 2024
EN MM

နိုင်ငံရေး

ဝန်ကြီးချုပ်ဟောင်းသက်ဆင် NUG၊ တိုင်းရင်းသားခေါင်းဆောင်တို့နှင့် တွေ့ဆုံဆွေးနွေးမှု ထိုင်းအစိုးရအတည်ပြု

Dawei Watch

May 7, 2024

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားခေါင်းဆောင်များအား ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထိုင်းသတင်း ဌာနများတွင် ဖော်ပြသည်။ သက်ဆင်နှင့် ကိုယ်စားလှယ်အဖွဲ့က လက်ရှိဖြစ်ပေါ်နေသော မြန်မာအရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် Mr. Maris Sangiampongsa ကလည်း ယနေ့တွင် အတည်ပြုထားသည်။ စစ်ကောင်စီကို တော်လှန်နေသော NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအင်အားစုများကို ဧပြီ ၁၃ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းဆွေးနွေးမှုသည် မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကို ကရင်အမျိုးသားလွတ်မြော်ရေးတပ်မတော် KNLA နှင့် PDF ပူးပေါင်း တပ်များက ဧပြီလ ၁၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ […]

စစ်ကောင်စီလက်ထက် မြန်မာပြည်သူများ ကြောက်မက်ဖွယ်အကြမ်းဖက်မှုများခံစားနေရဟု ယူကေပြော

Dawei Watch

March 27, 2024

စစ်ကောင်စီလက်ထက်တွင် မြန်မာပြည်သူများ ကြောက်မက်ဖွယ်‌ အကြမ်းဖက်မှုများကို ရင်ဆိုင်ခံစားနေရကြောင်း ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan က ပြောသည်။ စစ်ကောင်စီက ယနေ့ ကျင်းပနေသည့် ၇၉ နှစ်မြောက်တပ်မတော်နေ့တွင် မြန်မာပြည်သူများကို သတင်းစကားပါးရာ၌ ယင်းသို့ထည့်သွင်း ပြောဆိုခြင်းဖြစ်သည်။ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယခုမတ်လ တစ်လတာအတွင်းတွင်ပင် ကလေး သုံးဦးအပါအဝင် အနည်းဆုံး ပြည်သူ ၂၀ဦး အသက်ရှုံးခဲ့ရကြောင်း ဝန်ကြီးက ဆိုသည်။ ပြည်သူ သုံးဦးလျှင် တစ်ဦးမှာ ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရန် ဖိအားပေးခံနေရပြီး ပြည်သူ ၁၈ သန်းကျော် မှာလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း ၎င်းက ပြောဆိုသည်။ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မီးရှို့မှု စသည့် နည်းလမ်းများကို အသုံးပြုပြီး လူနေအိမ်များ၊ […]

လူသားချင်းစာနာမှု အကူအညီများ မြန်မာနိုင်ငံထဲ စတင်ဝင်ရောက်

Dawei Watch

March 25, 2024

မြန်မာနိုင်ငံအတွင်းရှိ တိုက်ပွဲများကြောင့် ဒုက္ခရောက်နေသော စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှုအကူအညီများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှတစ်ဆင့် မြဝတီမြို့သို့ ယနေ့ (မတ် ၂၅) တွင် စတင်လွှဲပြောင်းပေးအပ်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။။ မြန်မာဒုက္ခသည် နှစ်သောင်းခန့်စာအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ ဆန်၊ အစားအစာများနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို မဲဆောက်ရှိ ထိုင်းကြက်ခြေနီအဖွဲ့မှတစ်ဆင့် မြဝတီခရိုင်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။ ယခုလူသားချင်းစာနာမှု အကူအညီပေးအပ်ခြင်းကို နှစ်နိုင်ငံ ကြက်ခြေနီအသင်းများကတစ်ဆင့် ဖြန့်ဝေသွားမည်ဖြစ်ပြီး အာဆီယံလူသားချင်းစာနာမှုညွှန်ကြားရေးစင်တာ (AHA Center) က ကြီးကြပ်သွားမည်ဖြစ်သည်။ ရိက္ခာအိတ်များ သယ်ဆောင်ထားသော ယာဉ်တန်းသည် ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် ၂ တံတားကတစ်ဆင့် ကရင်ပြည်နယ်ရှိ စမ်းသပ်နေရာ သုံးနေရာသို့ ပို့ဆောင်သွားမည်ဖြစ်သည်။ ယင်းအတွက် ထိရောက်မှုနှင့် ပွင့်လင်းမြင်သာမှုရှိစေရန် AHA Center က နယ်မြေခံအဖွဲ့များနှင့် […]

လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တွေ့ဆုံခြင်း

Dawei Watch

March 19, 2024

“ဒါက စစ်သည်ကျင့်ဝတ်လည်းချိုးဖောက်သလို လူ့အခွင့်အရေးချိုးဖောက်မှုလည်း ဖြစ်တယ်” လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း စစ်အာဏာရှင်ဆန့်ကျင်ရေး သုံးနှစ်ကျော်လာချိန်တွင် တော်လှန်ရေးတပ်ဖွဲ့ အများအပြားပေါ်ပေါက်လာပြီး နေရာဒေသအနှံ့ တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေသည်။ တော်လှန်ရေးအရှိန်ကောင်းနေသလို တစ်ဖက်တွင်လည်း တော်လှန်ရေးတပ်အချို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်သည်တော်ကျင့်ဝတ် ဖောက်ဖျက်မှုများလည်း ရှိလာနေသည်။ စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ အထူးပြောဖွယ်မရှိအောင်ပင် နေရာအားလုံးလိုလိုတွင် ဖြစ်ပေါ်နေသည်။ သို့သော်စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသည့် တော်လှန်ရေးအဖွဲ့များမှာမူ ယင်းသို့ချိုးဖောက်မှုများကို အနည်းငယ်မျှပင် ပြုလုပ်ရန်မသင့်ဘဲ ကျင့်ဝတ်၊စည်းကမ်းများကို အထူးလိုက်နာရန် လိုအပ်ကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။ သို့မှသာ ပြည်သူယုံကြည် ကိုးစားခံရသူများဖြစ်ကာ စံပြုထိုက်သည့် အဖွဲ့များ ဖြစ်လာမည်ဟုလည်း ထောက်ပြသူများက ဆိုကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်သည်တော်ကျင့်ဝတ်၊ လူ့အခွင့်အရေးစံနှုန်းများကို ရေးဆွဲအတည်ပြုထားသည်။ ယင်းကြောင့် တော်လှန်ရေးအဖွဲ့များ၏ ကျင့်ဝတ်လိုက်နာမှုဆိုင်ရာ […]

လုပ်ဆောင်ချက် ၄ ရပ်ဖြင့် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန် ထိုင်းကြိုးပမ်း

Dawei Watch

March 19, 2024

မြန်မာနိုင်ငံအရေး အကျပ်အတည်းများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် အောက်လွှတ်တော် နိုင်ငံတကာရေးရာကော်မတီက အချက် ၄ ချက်ပါ အဆိုပြုချက်တစ်ရပ်ကို ထိုင်းအစိုးရသို့ တင်သွင်းလိုက်သည်။ ကော်မတီသည် မြန်မာ့ပြည်တွင်းရေး အကျပ်အတည်းများကို အချိန်ပြည့် စောင့်ကြည့်နေသကဲ့သို့ ပဋိပက္ခနှင့် တိုက်ပွဲများ ရပ်တန့်ရန် အားထုတ်မှု မှန်သမျှကိုလည်း ထောက်ခံသွားမည်ဖြစ်ကြောင်း Pheu Thai ပါတီ အမတ် Noppadon Pattama က ပြောသည်။ အစိုးရအနေဖြင့် မြန်မာ့အရေးကို ကူညီဖြေရှင်းနိုင်ရန် ကော်မတီအနေဖြင့် အဆိုပြုချက် ၄ ချက်ကို တင်သွင်းခဲ့ကြောင်း ၎င်းကပြောသည်။ ပထမအချက်အနေဖြင့် ထိုင်းအစိုးရက လုံခြုံရေးနှင့် နိုင်ငံတကာရေးရာ အရာရှိများ ပါဝင်သည့် အဖွဲ့အစည်းတစ်ခု ထူထောင်ရန်ဖြစ်သည်။ ယင်းအဖွဲ့က မြန်မာ့အရေးနှင့် ပတ်သက်သည့် အပြောင်းအလဲများကို စောင့်ကြည့်ရန်နှင့် တုံ့ပြန်ရန်ဟုဆိုသည်။ ဒုတိယအချက်မှာ စစ်ကောင်စီက […]

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တစ်နာရီခွဲခန့်ကြာတွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီအတည်ပြု

Dawei Watch

July 13, 2023

အကျဉ်းချခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တစ်နာရီခွဲနီးပါးကြာ နှစ်ဦးတည်း တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြု ပြောသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ဇူလိုင်လ ၉ ရက်နေ့က နေပြည်တော်သို့ လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ၎င်းက စစ်ကောင်စီအာဘော် မြဝတီသတင်းဌာနကတစ်ဆင့် ယနေ့ပြောဆိုထားသည်။ နှစ်ယောက်ချင်း လွတ်လွတ်လပ်လပ်တွေ့ဆုံခြင်းဖြစ်သဖြင့် ထိုင်းနိုင်ငံခြားရေး ဆွေးနွေးလိုသည်များကိုလည်း လွတ်လွတ်လပ်လပ် ဆွေးနွေးခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။ “ဆွေးနွေးချက်တွေကိုတော့ အသေးစိတ် မသိပါဘူး” ဟု ၎င်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်းလည်း ပြောဆိုသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဇူလိုင်လ ၁၂ ရက်ကပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးကို ထောက်ခံကြောင်း ပြောဆိုသည်ဟုလည်း ၎င်းကဆိုသည်။ […]