အချုပ်အနှောင်မှ ပြန်လွတ်လာသူတွေက ဘယ်လိုလူတွေလဲ

တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရပြီး အမှုရင်ဆိုင်နေရဆဲလူပုဂ္ဂိုလ်အချို့ကို ဇွန်လ ၃၀ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖမ်းဆီးခံထားရသူ နှစ်ထောင်ကျော်ကို ပြန်လွှတ်ပေးခဲ့ရာ ထားဝယ်အကျဉ်းထောင်မှ ၂၂ ဦး ပါဝင်ကြောင်း ထားဝယ်ခရိုင် သပိတ်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ပြန်လွတ်လာသူအများစုမှာ ဆန္ဒပြပွဲများ၊ ဆန္ဒပြပွဲနှင့် ဆက်နွယ်သည့် ကိစ္စရပ်များတွင်...

သွေးမတိတ်တဲ့ သွေးသပိတ်

သရက်ချောင်းမြို့နယ် ပိန်းတောကျေးရွာတွင် မေလ ၃၀ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး သွေးသပိတ်ပြုလုပ်ခဲ့သည်။

၀န်ကြီးချုပ် ဦးမြင့်မောင်အမှု တရားလိုစစစ်

တပ်အာဏာသိမ်းပြီးနောက် တရားစွဲခံထားရသည့် ဝန်ကြီးချုပ် ဦးမြင့်မောင်အမှု ဧပြီလ ၂၁ ရက်နေ့ ရုံးချိန်းတွင် တရားလိုအား စတင်စစ်ဆေးခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေက ပြောသည်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် ဦးမြင့်မောင်အမှုတွင်...
Dawei Watch, Dawei News, Dawei News Media

သရက်ချောင်းတောင်ပျောက်တိုက်နယ် သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရပြီး အမျိုးသမီးတစ်ဦး အဖမ်းခံရ

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် ဆိုင်ကယ်သပိတ်စစ်ကြောင်းကို မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်နှင့်ရဲက သေနတ်ပစ်ဖြိုခွင်းခဲ့ရာ အမျိုးသမီးတစ်ဦး အဖမ်းခံရကြောင်း ဆန္ဒပြစစ်ကြောင်းလိုက်ပါသူအချို့ထံမှ သိရသည်။ အဆိုပါ သပိတ်စစ်ကြောင်းသည် တိုက်နယ်အတွင်းရှိ ပြင်းဖြူသားရွာရှိ ကျောက်မီးသွေးလမ်းအနီးသို့ ရောက်ရှိချိန်တွင်...

ထားဝယ်မြို့ပေါ်တွင် ပစ်ခတ်သတ်ဖြတ်မှု နှစ်ရက်ဆက်ဖြစ်

ထားဝယ်မြို့ပေါ်ရပ်ကွက်များတွင် ပစ်ခတ်သတ်ဖြတ်မှု နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဇူလိုင်လ ၄ ရက်နှင့် ၅ ရက်တွင် ထားဝယ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဆန်းချီရပ်ကွက်နှင့် ဒေါင်းငူတံငါရက်ကွက်တို့တွင် အမျိုးသားနှစ်ဦးကို လာရောက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။
Dawei Watch, Dawei News, Dawei News Media

လောင်းလုံးတွင် နှစ်ဦးအဖမ်းခံရ

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဝေဒီကျေးရွာအမျိူးသားတစ်ဦးနှင့် ပန်းဒလဲကျေးရွာအုပ်စု ကြေးနုပ်ပြင်ရွာနေသူ အမျိုးသားတစ်ဦးတို့ ဧပြီလ ၂၈ ရက်က အဖမ်းခံရကြောင်း စုံစမ်းသိရှိရသည်။ ဝေဒီကျေးရွာနေ ကိုညီညီ(ခ) စိုးညီညီထံတွင် လက်လုပ်ဂစ်သေနတ်ရှိသည်ဟု သတင်းပေးသဖြင့် ရဲတပ်ဖွဲ့က ရောက်ဖမ်းဆီးခဲ့ကြောင်း ယင်းကျေးရွာသားတစ်ဦးက...

သေနတ်ပစ်ခံရသည့် ထားဝယ်မြို့နယ်ရွေးကော်ဥက္ကဋ္ဌ ခရီးသွားသည့် ကိစ္စ ပြန်ရှင်း

ထားဝယ်မြို့နယ်အရှေ့ဘက်တွင် သေနတ်ပစ်ခံရသည့် ထားဝယ်မြို့နယ် ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ဒေသခံများအတွက် တစ်နိုင်တစ်ပိုင် သတ္တုလုပ်ကွက်လျှောက်ပေးရန် ထောက်ခံစာသွားယူပေးခြင်းသာဖြစ်ကြောင်း မြို့နယ်ရွေးကော်ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောကြားသည်။ မြို့နယ်ရွေးကော်ဥက္ကဋ္ဌသည် ဇွန်လ ၁၄ ရက်နေ့က ထားဝယ်မြို့မှ ၂၅ မိုင်ကျော်ကွာဝေးသည့် ကျောက်မဲတောင်ကျေးရွာသို့သွားပြီး...

ထားဝယ်အင်ဂျင်နီယာသပိတ်စစ်ကြောင်းမှ ကိုဖြိုးဝေဦး အဖမ်းခံရ

ထားဝယ်အင်ဂျင်နီယာသပိတ်စစ်ကြောင်းမှ ကိုဖြိုးဝေဦးကို မေလ ၂၉ ရက်နေ့က သောကြာပြင်ရွာအနီးတွင် အဖမ်းခံခဲ့ရကြောင်း သိရသည်။ ကိုဖြိုးဝေဦးမှာ အင်ဂျင်နီယာကျောင်းဆင်းတစ်ဦးဖြစ်ပြီး အင်ဂျင်နီယာနှင့် ပညာရေးသပိတ်စစ်ကြောင်းတွင် အမြဲလို လိုက်ပါနေသူ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးဖြစ်သည်။
Dawei Watch, Dawei News, Dawei News Media

သကျက်တောတွင် ဆန္ဒမပြတော့ဟု အုပ်ထိန်းသူခံဝန် ထိုးထားသူတစ်ဦး အဖမ်းခံရ

လောင်းလုံးမြို့နယ် သကျက်တောကျေးရွာတွင် ဆန္ဒပြပွဲများ၌ မပါဝင်တော့ကြောင်း အုပ်ထိန်းသူက ခံဝန်ထိုးထားသည့် အမျိုးသားတစ်ဦး ဧပြီလ ၂၈ ရက်နေ့က အဖမ်းခံရကြောင်း မိသားစုဝင်များထံမှ သိရသည်။ သကျက်တောရွာနေ အသက် ၂၇ နှစ်အရွယ် ကိုအောင်ကိုကိုအား ဆန္ဒပြပွဲများတွင်...

ထိတ်တလန့်လန့် တောင်ပျောက်တိုက်နယ်

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်အတွင်းရှိ တောင်ပျောက်တိုက်နယ်အတွင်းသို့ မေလ ၂၃ ရက် နံနက်စောစောတွင် စစ်သားအင်အား ၁၀၀ ကျော် ဝင်ရောက်လာပြီး ကျေးရွာအချို့တွင် တပ်စွဲလိုက်သည်။ ထိုနောက် စစ်ကြောင်းနှစ်ခုဖြန့်ခွဲပြီး တိုက်နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရှာဖွေမှုများ လုပ်ဆောင်နေပြီး...