ထားဝယ်တွင် မသန်စွမ်းအမျိုးသားတစ်ဦး အဖမ်းခံရ

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နေ ခန္ဓာကိုယ်မသန်စွမ်းသည့် အသက် ၃၀ နှစ်အရွယ် ကိုအောင်ကိုမင်း အဖမ်းခံထားရကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။ ခန္ဓာကိုယ်မသန်စွမ်းသည့် ကိုအောင်ကိုမင်းသည် ဇွန်လ ၁၁ ရက်နေ့တွင် သုံးဘီးတပ် ဆိုင်ကယ်ဖြင့် နေအိမ်မှ ထွက်သွားပြီး...
Dawei Watch, Dawei News, Dawei News Media

တက္ကသိုလ် ကျောင်းသားတစ်ဦး အပါအဝင် ငါးဦးအဖမ်းခံရမှု သုံးဦးပြန်လွတ်

ထားဝယ်မြို့၊ မြောင်းပုလဲရပ်ကွက်တွင် နေထိုင်သည့် ထားဝယ်တက္ကသိုလ်ကျောင်းသားတစ်ဦးအပါအဝင် ရပ်ကွက်နေသူ ငါးဦးကို စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဧပြီလ ၂၉ ရက် နံနက် ၆ နာရီခန့်၌ နေအိမ်တွင် လာရောက်ဖမ်းဆီးသွားသည်ဟု ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန် ဆက်လုပ်မည်ဟုဆို

တပ်အာဏာသိမ်းပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန် အပါအဝင် မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန် စီမံကိန်းများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း တပ်ကောင်စီ ခေါင်းဆောင်က ပြောကြားလိုက်သည်။ ဇွန်လ ၁ ရက်နေ့က ပြုလုပ်သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေးတွင် ထုတ်ပြန်ပြောဆိုခဲ့ ခြင်းဖြစ်သည်။
Dawei Watch, Dawei News, Dawei News Media

လောင်းလုံး‌ ‌ထွေအုပ်ရုံးအနီးပေါက်ကွဲမှု လူငယ်တစ်ဦး ဖမ်းဆီးခံရ

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှုးရုံးအနီး ဇွန်လ ၁၄ ရက်ညနေပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီးနောက် အသက် ၂၀ နှစ်ဝန်းကျင် လူငယ်တစ်ဦး ဖမ်းဆီးခံလိုက်ရကြောင်း ဆွေမျိုးတော်စပ်သူအချို့ထံမှ သိရသည်။ ယမန့်နေ့ည ခြောက်နာရီကျော်ဝန်းကျင်က ထွေအုပ်ရုံးအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်နေရာကို ရဲတပ်ဖွဲ့ကလာရောက်စစ်ဆေးခဲ့ကြောင်း...
Dawei Watch, Dawei News, Dawei News Media

ကျောက်မော်ကြီးရပ်ကွက် ဆွေမျိုးတော်စပ်သူ ခုနှစ်ဦး အဖမ်းခံရ

ထားဝယ်မြို့ ကျောက်မော်ကြီးရပ်ကွက်၊ လမ်းသစ်လမ်းတွင် မေလ ၁၇ ရက် မနက်က ဆွေမျိုးတော်စပ်သူ ခုနှစ်ဦး အဖမ်းခံရကြောင်း ၎င်းတို့၏ မိသားစုဝင်ထံမှ သိရသည်။ ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ရဲနှင့် စစ်သားများက ကားလေးစီးဖြင့်...
Dawei Watch, Dawei News, Dawei News Media

လောင်းလုံးတွင် အမျိုးသားတစ်ဦးကို သေနတ်ပစ်ဖမ်းရန် ကြိုးပမ်း

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာတွင် ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်ပြီး ဖမ်းဆီးရန်ကြိုးစားခဲ့သော်လည်း ယင်းအမျိုးသားမှာ လွတ်မြောက်သွားခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ညင်းမော်ကျေးရွာ စာသင်ကျောင်းအနီး ဆိုင်တစ်ဆိုင်တွင် ထိုင်နေသော...
Dawei Watch, Dawei News, Dawei News Media

လောင်းလုံး မြခါးပတ်ကျေးရွာတွင် သေနတ်ပစ်ဖောက်

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မြခါးပတ်ကျေးရွာတွင် ဇွန်လ ၂၅ ရက်နေ့ ည ၇ နာရီ ဝန်းကျင်ခန့် တပ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာထိပ်တွင် သေနတ်ပစ်ဖောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။ ယင်းနေ့ညနေပိုင်းတွင် မြခါးပတ်ကျေးရွာသပိတ်စစ်ကြောင်းကို သေနတ်သုံးချက်ခန့်...
Dawei Watch, Dawei News, Dawei News Media

ပျောက်ဆုံး သရက်နှစ်ခွ ရွာသားနှစ်ဦး ရဲစခန်းတွင် ပြန်တွေ့

ဇွန်လ ၂၇ ရက်နေ့ကတည်းက နေအိမ်မှ ထွက်ခွာသွားပြီးနောက် တစ်ပတ်အကြာ အဆက်အသွယ်မရ ဖြစ်နေသော သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာသားနှစ်ဦးကို သရက်ချောင်းမြို့မ ရဲစခန်းတွင် ပြန်တွေ့ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။ သရက်ချောင်းမြို့မှ ရဲစခန်းမှ ဇူလိုင်လ ၅...
Dawei Watch, Dawei News, Dawei News Media

ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ ထားဝယ်မြို့ဝင်ထွက် ခွင့်ပြုမည်ဟု တင်းကြပ်၍ ပြည်သူများ အခက်တွေ့

ထားဝယ်မြို့အဝင်ဂိတ်များတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ သွားခွင့်ပြုမည်ဟု တင်းကြပ်ထားသဖြင့် ပြည်သူများ အခက်ကြုံနေကြသည်။ အဆိုပါမြို့ဝင်ဂိတ်များအား ဖြတ်သန်းသွားလာရာတွင် ယခင်က ဖုန်းနံပါတ်၊ နေရပ်လိပ်စာ စသည့်အချက်များမှတ်သားပြီး မှတ်ပုံတင်ပြကာ သွားနေရာမှ လက်ရှိတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ ဖြတ်သန်းခွင့်ပြုနေခြင်းဖြစ်သည်။
Dawei Watch, Dawei News, Dawei News Media

ဘဏ်တွင် ငွေထုတ်ရခက်ခဲမှုကြောင့် သမဝါယမ စုငွေများ အပြည့်မရ ဟုဆို

ထားဝယ်ခရိုင်အတွင်း ဘဏ်အပ်ငွေများကို အကန့်အသတ်ဖြင့်သာ ထုတ်ယူနေရသဖြင့် သမဝါယမ စုငွေများအပြည့်မရဘဲဖြစ်နေကြောင်း ယင်းအသင်းသားအချို့က ပြောဆိုကြသည်။ သမဝါယမ အသင်းသားတစ်ဦးလျှင် ငါးသိန်းကျပ်၊ ဆယ်သိန်းကျပ်မှ ကျပ်သိန်းနှစ်ဆယ်အထိ စုငွေများရရန်ရှိနေကြသည်ဟု ၎င်းတို့က ပြောဆိုသည်။ ယင်းစုငွေများအား သမဝါသမအသင်းတာဝန်ရှိသူက...