လောင်းလုံး မြခါးပတ်ကျေးရွာတွင် သေနတ်ပစ်ဖောက်

0
133
Dawei Watch, Dawei News, Dawei News Media

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မြခါးပတ်ကျေးရွာတွင် ဇွန်လ ၂၅ ရက်နေ့ ည ၇ နာရီ ဝန်းကျင်ခန့် တပ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာထိပ်တွင် သေနတ်ပစ်ဖောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ယင်းနေ့ညနေပိုင်းတွင် မြခါးပတ်ကျေးရွာသပိတ်စစ်ကြောင်းကို သေနတ်သုံးချက်ခန့် ပစ်ဖောက်၍ ဖြိုခွဲသော်လည်း ထိခိုက်မှုမရှိခဲ့ဘဲ ည ၇ နာရီ ဝန်းကျင်ခန့်တွင် ထိုသို့ သေနတ်ပြန်လာဖောက်ခဲ့ကြောင်း အသက် ၂၀ ကျော် အရွယ် ဒေသခံ အမျိုးသား တစ်ဦးက ဆိုသည်။

“သပိတ်စစ်ကြောင်းကို လိုက်ဖြိုခွဲတာမဟုတ်ပါဘူး ခြိမ်းခြောက်ပစ်ခတ်တယ်လို့ယူဆရတယ်ဗျာ”ဟု အထက်ပါအမျိုးသားက ဆိုသည်။

အဆိုပါ ပစ်ခတ်မှုကြောင့်လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရသူမရှိပေ။မြခါးပတ်ကျေးရွာသည် ထားဝယ်-ရှင်မော်တောင်ဘုရားသွား ကားလမ်းမပေါ်တွင် တည်ရှိသည်။