လောင်းလုံးတွင် အမျိုးသားတစ်ဦးကို သေနတ်ပစ်ဖမ်းရန် ကြိုးပမ်း

0
128
Dawei Watch, Dawei News, Dawei News Media

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာတွင် ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်ပြီး ဖမ်းဆီးရန်ကြိုးစားခဲ့သော်လည်း ယင်းအမျိုးသားမှာ လွတ်မြောက်သွားခဲ့ကြောင်း စုံစမ်း သိရှိရသည်။

ညင်းမော်ကျေးရွာ စာသင်ကျောင်းအနီး ဆိုင်တစ်ဆိုင်တွင် ထိုင်နေသော အသက် ၄၀ ကျော်အရွယ် အမျိုးသား တစ်ဦးကို ယနေ့နံနက်ပိုင်းက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အမျိုးသားမှာ ထွက်ပြေးသွားခဲ့ကြောင်း ယင်းအမျိုးသား၏ မိတ်ဆွေဖြစ်သူက ပြောကြားသည်။

“သေနတ်တစ်ချက်တော့ ပစ်လိုက်တယ်။ သူ့ကိုတော့ထိလား မထိလားမသိသေးဘူး သူကတော့လွတ်မြောက်သွားတယ်”ဟု ၎င်းက ဆိုသည်။

မည်သည့်အ‌ကြောင်းကြောင့် လာရောက်ဖမ်းဆီးခဲ့သည်ကိုမှု မသိရသေးပေ။ညင်းမော်ရွာတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများ နေ့စဉ်ရှိသည်။

ညင်းမော်ရွာသည် ထားဝယ်မြို့၏ တောင်ဖက် ၁၄ မိုင်‌ကျော်အကွာတွင်တည်ရှိပြီး နိုင်ငံကျော်ပန်းပုဆရာကြီး ဦဟန်တင်၏ ဇာတိဖြစ်သည်။