မြန်မာစစ်ခေါင်းဆောင်များ တာဝန်ခံမှု ရှိလာစေရေး အာဆီယံ ကြိုးပမ်းသင့်ဟု ကုလအထူးကိုယ်စားလှယ်ဆို
အာဆီယံနိုင်ငံများအနေနှင့် မြန်မာစစ်အာဏာရှင်များအား တာဝန်ခံမှုရှိစေရန် အစီအမံများချမှတ်နိုင်ရေး စဉ်းစားရမည်ဟု မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အင်ဒရူးစ်က ယနေ့ (ဇွန် ၂၁)တွင် တိုက်တွန်းပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေသော...
ထားဝယ်ထောင်တွင်း ထိရောက်သော ဆေးကုသခွင့် အလိုရှိသည်
သေနတ်ဖြင့် အပစ်ခံခဲ့ရစဉ်က သေသွားသည်က ပိုကောင်းဦးမည်ဟု ကိုဝေယံဖြိုး မကြာခဏ ညည်းတွားလေ့ရှိသည်။
လက်ရှိ ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းကျနေသော အသက် ၁၈ နှစ် ဝန်းကျင်ရှိ ကိုဝေယံဖြိုးမှာ စစ်တပ်အာဏာသိမ်းမှုအပြီး ဆန္ဒပြသပိတ်စစ်ကြောင်းများတွင် ပါဝင်ခဲ့သည်။ ယင်းနောက်...
စစ်ကောင်စီကို လာတွေ့မည့် ဟွန်ဆန်ကို လောင်းလုံးတွင် ဆန္ဒပြ
စစ်ကောင်စီအား အားပေးအားမြှောက်ပြုလုပ်နေသဖြင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ရှုတ်ချ ကြောင်း လောင်းလုံးမြို့နယ်အတွင်းက အခြေခံပညာကျောင်းသူ၊ ကျောင်းသားများနှင့် လူငယ်များက ယနေ့ (ဇန်နဝါရီ ၆) အာရုံဦးတွင် ဆန္ဒပြကြသည်။
‘ဟွန်ဆန် မြန်မာ့မြေကို လုံးဝ ခြေချခွင့်မရှိစေရ’...
နှစ်သစ်ကိုလည်းကြိုမယ်၊ ဖက်ဆစ်ကိုလည်းဖြိုမယ်
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းသူ၊ ကျောင်းသားများနှင့် လူငယ်များက ယနေ့ (ဒီဇင်ဘာ ၃၁) နှစ်သစ်ကူးညတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ကြပါသည်။
စစ်တပ်ထုတ်ကုန် သပိတ်မှောက်ရန် ဆန္ဒပြ
စစ်တပ်ထုတ်ကုန်များ မသုံးဘဲ ဆန့်ကျင်ရေး လောင်းလုံးမြို့နယ်လုံး ဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂနှင့် လူငယ်များက သပိတ်မှောက်ခဲ့ကြသည်။
Dawei Watch ရဲ့ Youtube တွင်လည်း ဝင်ကြည့်နိုင်ပါတယ်။
လောင်းလုံးညသပိတ်
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် တွင် ဒီဇင်ဘာလ ၇ ရက်ညက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့သည်။
လောင်းလုံးမြို့နယ်ရှိ တောင်ကြော အချို့တွင် စစ်ကောင်စီတပ်က တောနင်းစစ်ကြောင်း ထိုးနေသည့် ကြားမှ ထိုသို့ သပိတ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
လောင်းလုံး ညသပိတ်
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၆) ညတွင် 'ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ' ကြွေးကြော်သံဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ကြသည်။
ရန်ကုန်သပိတ်စစ်ကြောင်း ကြည့်မြင်တိုင်မြို့နယ်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က...
လောင်းလုံး အခြေခံပညာကျောင်းသား သပိတ်
လောင်းလုံးမြို့နယ်ရှိအခြေခံပညာကျောင်းသားတွေ စုပေါင်းပြီး အောက်တိုဘာလ ၂၅ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ပါတယ်။
ကော့သောင်းတွင် တစ်ဦးထပ်မံကျဆုံး၊ ယနေ့ စုစုပေါင်း သုံးဦး ကျ
ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ရေခဲစက်အနီးတွင် ယနေ့ မတ်လ ၃၀ ရက် အမျိုးသားတစ်ဦး ထပ်မံ ကျဆုံးသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။
ကျဆုံးသူမှာ အသက် ၂၁ ဝန်းကျင် ကိုသန့်ဇင်ဦး ဆိုသူဖြစ်ကြောင်း ၎င်းမြို့ခံကဆိုသည်။
မြိတ်တွင် လေးဦး အဖမ်းခံရဟုဆို၊ သုံးဦး သေဆုံးမှု အတည်မပြုနိုင်
မြိတ်၊ မတ် ၁၁
မြိတ်မြို့တွင် မတ်လ ၁၁ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မြို့နယ် ခေါင်းဆောင်၊ တက်ကြွ လှုပ်ရှားသူနှင့် ကဗျာဆရာ တို့ အပါအဝင် စုစုပေါင်း...