စစ်အာဏာသိမ်းပြီးနောက် ထားဝယ်တွင် လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်

စစ်အာဏာသိမ်းပြီးနောက် ထားဝယ်တွင် လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်

တပ်မတော်အာဏာသိမ်းပြီး ခုနှစ်ရက်မြောက် နေ့တွင် ထားဝယ်မြို့လမ်းမများပေါ်သို့ လူ ထောင်ပေါင်းများစွာ လမ်းမပေါ်ထွက်လာကြသည်။ “စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး” ၊ “စစ်အာဏာရှင်စနစ်ကျဆုံးပါစေ” ၊ “ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူများ အမြန်ဆုံး ပြန်လွှတ်ပေးရေး” စသည့်ကြွေးကြော်သံများဟစ်ကြွေးပြီး ဆန္ဒထုတ်ဖော်လာကြသည်။