ကံပေါက်တွင် မီးလိုင်းချို့ယွင်းသဖြင့် ထားဝယ်ခရိုင် ဓာတ်အားပြတ်တောက်ဟုဆို

0
357

ကံပေါက်စက်ရုံမှ ထားဝယ်မြို့သို့ သွယ်တန်းထားသည့် ဓာတ်အားလိုင်း ချို့ယွင်းသွားသဖြင့် ထားဝယ်ခရိုင်တစ်ခုလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်သွားကြောင်း Petrol &Trans ကုမ္ပဏီက ထုတ်ပြန်သည်။

လုံခြုံရေး အခြေအနေကြောင့် ချို့ယွင်းမှုဖြစ်ပေါ်သွားသည့် ၆၆ ကေဗွီလိုင်းအား ညတွင်းချင်း စစ်ဆေးနိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်အားပြတ်တောက်နေချိန်အတွင်း ဒီဇယ်ဆီသုံး အရံမီးစက်တို့ဖြင့် ဒေသအလိုက် ၂ နာရီစီ အလှည့်ကျ ဓာတ်အားဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကုမ္ပဏီသည် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်များ ချို့ယွင်းနေချိန် ဓာတ်အား အလှည့်ကျပေးဝေမည့် ဇယားအား နှစ်ကြိမ်ထုတ်ပြန်ခဲ့သော်လည်း သတ်မှတ်အချိန်အတိုင်း ဓာတ်အား အပြည့်အဝပေးနိုင်ခြင်းမရှိဖြစ်နေသည်။

ယင်းအပေါ် ဒေသခံပြည်သူများက ကုမ္ပဏီအပေါ် ဝေဖန်မှုမြင့်တက်လျှက်ရှိသည်။