မေလ ၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

0
192

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • တနင်္သာရီမြို့နယ်က PDF နှစ်ဦးနဲ့ ဆေးတပ်သားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ အကြောင်း
  • ပြည်သူ့ကာကွယ်ရေတပ်က ထားဝယ်အထူးစီးပွားရေးဇုန်ရှိ စစ်ကောင်စီတပ်ကိုတိုက်ခိုက်ပြီး ရဲစခန်းဟောင်းကို မီးရှို့ခဲ့တဲ့ သတင်း
  • ထားဝယ်မှာ ပွဲစားနဲ့ နိုင်ငံကူးလက်မှတ်လုပ်ရင် အွန်လိုင်းရက်ချိန်းယူဖို့ မလိုတဲ့အကြောင်း
  • ပူပြင်းလွန်းတဲ့ ကော့သောင်းမှာ မိုးခေါ်ပွဲကျင်းပပြီးနောက် မိုးရွာသွန်းတဲ့အကြောင်း
  • သရက်ချောင်းက ပဲဒက်ရွာစခန်းကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေအသုံးပြုပြီး ခုခံတိုက်ခိုက်နေတဲ့ အခြေအနေ
  • ကရင်နီမှာ စစ်ကောင်စီရဟတ်ယာဉ်တစ်စင်း ပစ်ချခံရတဲ့ အကြောင်း အပါအဝင်
  • ဝန်ကြီးချုပ်ဟောင်းသက်ဆင်က NUG အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထိုင်းအစိုးရ အတည်ပြုလိုက်တဲ့အခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။