ကိုးရီးယားရောက် ထားဝယ်လူငယ်အသင်း ဆယ်နှစ်ပြည့်ကျင်းပ
Dawei Watch
May 6, 2025တောင်းကိုးရီယား နိုင်ငံရောက် ထားဝယ်လူငယ်အသင်း(DYKO) တည်ထောင်ခြင်း ဆယ်နှစ်ပြည့် အခမ်းအနားကို ပြီးခဲ့သည့် မေလ ၄ ရက် နေ့က တောင်ကိုးရီးယားနိုင်ငံ ဖိုချွန်းအားကစားကွင်း ၌ကျင်းပခဲ့သည်။ အခမ်းအနားကို မနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိကျင်းပခဲ့ပြီး တက်ရောက်လာသူများကို ထားဝယ်ရိုးရာ မုန့်များဖြစ်သည့် ထားဝယ်မုန့်ဟင်းခါး၊ သနပ်သုပ်၊ ထားဝယ်မုန့်လက်သုပ်များဖြင့် ဧည်ခံ ကျွေးမွေးခဲ့ကြောင်း ထားဝယ်လူငယ်အသင်း(DYKO) တာဝန်ရှိသူတစ်ဦးကပြောသည်။ “လက်ဆင့်ကမ်းပြီး အသင်းကို တာဝန်ယူခဲ့လို့ ဆယ်နှစ်အထိ ရောက်လာတဲ့အတွက် အသင်းသားအားလုံး ပူးပေါင်းပါဝင်မှုကိုလည်း အားရကျေနပ်မိပါတယ်”ဟု အသင်းတာဝန်ရှိသူက ပြောသည်။ ဆယ်နှစ်ပြည့် အခမ်းအနားကို အသင်းသူအသင်းသားများအပါအဝင် ပရိသတ် တစ်ရာ ကျော် တက်ရောက်ခဲ့ပြီး ထားဝယ်လေးမြို့နယ် ကိုယ်စားပြု ဘောလုံးပွဲများကိုလည်း ကြည့်ရှုအားပေးခဲ့ကြသည်။ ဘောလုံးပြိုင်ပွဲတွင် ထားဝယ်၊ ရေဖြူ၊ […]