သီတင်းကျွတ် ဒိုင်ယာရီ
ကျင်တွယ်ချိုးကွေးထားတဲ့ စက်ဘီး စပုတ်တိုင်ခေါင်းထဲ စောင်းကောက် တံဆိပ် သစ်သားမီးခြစ်ဆံက ယမ်းတွေ ခြစ်ထည့်၊ လွင့်ထွက်မသွားရအောင် သား ရေပင်နဲ့တွဲချည်ထားတဲ့ အိမ်ရိုက်သံနဲ့ ပိတ်ပြီး အုတ်ခုံလို၊ ကျောက်တုံးလို မာတဲ့ နေရာတစ်ခုရှာ၊ ဒိုင်းခနဲ မြည်အောင် ထုလိုက်ဖောက်လိုက်ပြီးရင်တော့ တိုက်ပွဲ အောင်တဲ့ စစ်သူကြီးတစ်ယောက်လို ရင်ကော့ခေါင်းမော့...
ဓနိရည်ချိုယဉ်ကျေးမှုနှင့် တောင်ပြိုသားတစ်ယောက်ရဲ့ အိပ်မက်
"ကျွန်တော်သေပြီး သားစဉ်မြေး ဆက်အထိ ဒီလုပ်ငန်းကို ဆက်ပြီးလုပ် ခိုင်းသွားမယ်"ဟု ပြောဆိုလိုက်သူက အသက် ၅၉ နှစ်ရှိ ဦးလန်းအေး။
၂ စက္ကန့်လောက်ကြာမှ တစ်စက် သာကျသည့် ဓနိရည်ချိုကို ရောင်းချပြီး သားသမီးများကို လူလားမြောက်အောင် ပြုစုပျိုးထောင်ခဲ့သူ။
မြိတ်မြို့၊ ကလွင်ကျေးရွာ၊ တောင် ပြိုရပ် ဇာတိချက်မြုပ်ဖြစ်ပြီး...
စာအုပ်သစ်ပင် စိုက်စေချင်
ဒီနေ့ခေတ်မှာ လူငယ်တွေ စာဖတ် ကြသေးရဲ့လား။ စာမဖတ်ကြတော့ဘူး ဆိုရင်ရော၊ ဘာလို့မဖတ်ကြတာလဲ။ စာဖတ်လို့ ရလာမယ့် ဗဟုသုတတန်ဖိုးကို မသိကြလို့ပဲလား။ ဒီလိုမေးခွန်းတွေအပေါ် ကျွန်တော် အဖြေရှာမိတိုင်း ပတ်ဝန်းကျင်မှာ အသံတွေ စုံနေအောင် ကြားရတတ်တယ်။
လူထုကိုယ်စားပြု အမတ်မင်းများ အလိုရှိသည်
လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ လူထုအကျိုး စီးပွားကို ဆောင်ရွက်ပေးမယ့် လူထု ကိုယ်စားလှယ်တွေကို အလိုရှိပါတယ်။ ဘယ်နိုင်ငံရေးပါတီကိုပဲ ကိုယ်စားပြုပြီး ဝင်ရောက် အရွေးခံသည်ဖြစ်စေ မိမိ မဲဆန္ဒနယ်က လူထုရဲ့ လိုအင်ကို ဖြည့် ဆည်းပေးပြီး နိုင်ငံအဆင့် ပြုပြင်ပြောင်းလဲ...
အဖြူအစိမ်းတစ်စုံရဲ့ ဂုဏ်သိက္ခာ
ဖေ့စ်ဘုတ်တွင် ဖတ်လိုက်ရသော ပို့စ်တစ်ခုကြောင့် ရင်ထဲမှာ နင့်နေအောင် ခံစားခဲ့ရပါသည်။အမှန်ကို ဝန်ခံရမည်ဆိုလျှင် အတော်ကို ဒေါသထွက်ခဲ့မိပါသည်။ မန္တလေးက ကိုယ်ပိုင် အထက်တန်း ကျောင်းတစ်ခုတွင် ကျောင်းသားများကို အပြစ်ပေးသည့် ပုံစံကြောင့် ဖြစ်သည်။
ကျောင်းသားတစ်ဦးသည် အပြစ်တစ် ခုခုကို ကျူးလွန်မိပါက ဒဏ်ပေးသည့် အနေဖြင့် ကိုယ်ပိုင်ကျောင်း...
အသံတွေကို ဘာကြောင့်ချဲ့နေတာလဲ
ဂီတသံစဉ်တွေဟာ
လူတွေရဲ့ စိတ်နှလုံး ညွတ်နူးပျော့ပျောင်း သာယာစေဖို့အတွက် လူတွေဖန်တီးထားတဲ့ အနုပညာ
တစ်ရပ်ပါ။ ကျေးငှက်သာရကာ တွေရဲ့ သဘာဝတေးသံသာဟာသာယာ ကြည်နူးဖွယ်ကောင်းသလိုပဲ လူတွေ ဖန်တီးထားတဲ့
ဂီတသံသာကလည်း စိတ်နှလုံးကို ကြည်နူးချမ်းမြေ့စေပါတယ်။
ဘဝမှာ ကြုံတွေ့ရတဲ့
ကောင်းဆိုး လောကဓံအမျိုးမျိုးကို ရင်ဆိုင်ဖြတ် သန်းနိုင်ဖို့၊...
ထားဝယ်စာ ဘယ်လို ရေးရမလဲ
ပြီးခဲ့တဲ့ သုံးနှစ်ကျော် ၂၀၁၅ ခုနှစ် ဇွန်လက ထားဝယ်တိုင်းရင်းသားတွေ အားလုံးအတွက် ပျော်စရာ သတင်းတစ် ပုဒ် ဖတ်ခဲ့ရတာကို မှတ်မိကြဦးမယ် ထင်ပါတယ်။
သတင်းခေါင်းစဉ်က"ထားဝယ် စကားကို ကျောင်းချိန်အတွင်း သင်ကြား နိုင်တော့မည်"။ အခြားသူတွေက မေး တိုင်း "ကျွန်တော်၊ ကျွန်မတို့မှာ စာမရှိ...
ကိုဗစ်ဒုတိယလှိုင်းရဲ့ သတိပေးသံ
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရဲ့ ကူးစက်မှု အခြေအနေတွေကတော့ စိုးရိမ်ကြရမယ့် အနေအထားလို့ ဆိုကြရပါမယ်။ မိုးသက်မုန်တိုင်း ကြီးကြီးမားမား မတိုက်ခင် အစပျိုးနေတဲ့ အခြေအနေမျိုးနဲ့ ဆင်တူနေတယ်လို့ မြင်ပါတယ်။
ကိုယ့် တနင်္သာရီတိုင်းဒေသကြီးကို တိုက်ရိုက် မထိခိုက်လာသေးပေမဲ့လို့...
တရားဝင် အရက်၊ ဘီယာ ရောင်းချခွင့်ရရှိရေးဆိုရာတွင်
"သတင်းဆောင်းပါးရှင်ရယ် မနောက် ပါနဲ့"
ပြီးခဲ့သည့်အပတ် တနင်္သာရီဂျာနယ် မျက်နှာဖုံးပါ သတင်းဆောင်းပါးတစ်ပုဒ် ကို ဖတ်ရတဲ့အခါ စိတ်ထဲ အဲသည်အတိုင်း တွေးမိခြင်း ဖြစ်သည်။
"လာတဲ့ရဲ၊ အုပ်ချုပ်ရေးမှူး အကုန်...
စကားတစ်ခွန်း
"လူ၏လျှာသည် ခြောက်လက်မခန့် သာရှိသော်လည်း ခြောက်ပေရှည်သော လူကို သေစေနိုင်သည်။"
ဤစကားပုံကို အားလုံး ကြားဖူး ကြပေမည်။ မဆင်မခြင် ပြောလိုက်မိ သော စကားတစ်ခွန်းကြောင့် မိမိ၏အသက်ကို စတေးလိုက်ရနိုင်သည်။
မိမိ၏ နှုတ်ထွက်စကားတစ်ခွန်း ကြောင့် မိမိကို...