ထိုင်းသို့ တရားမဝင် ဝင်လာသည့် မြန်မာလုပ်သားများပါသောကား သစ်ပင်ဝင်တိုက်၊ သုံးဦးသေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း နခွန်စီထမရတ်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများလိုက်ပါလာ သည့်ကား ယနေ့ (ဩဂုတ် ၁၇) နံနက်ပိုင်းတွင် လမ်းဘေးရှိ သစ်ပင်ကိုဝင်တိုက်မိသဖြင့် မြန်မာအလုပ်သမားသုံးဦး သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ နခွန်စီထမရတ်ခရိုင် ကျူလာဖွန် (Chulabhorn)...

မြဝတီတွင် လူကုန်ကူးခံရသော အင်ဒိုနီးရှားကိုးဦးကို ထိုင်းမှတစ်ဆင့် နေရပ်ပြန်ပို့

ကရင်ပြည်နယ် မြဝတီမြို့နယ် လက်နက်ကိုင်နယ်မြေရှိ ကုမ္ပဏီတစ်ခုသို့ လူကုန်ကူးခံထားရသော အင်ဒိုနီးရှား နိုင်ငံသား ကိုးဦးကို ဇွန်လ ၂၆ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတစ်ဆင့် နေရပ်ပြန်ပို့ ပေးနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အင်ဒိုနီးရှားနိုင်ငံသား ကိုးဦးသည်...

ထိုင်းတွင် ကားရေထဲကျရာမှပျောက်ဆုံးနေသော မြန်မာလုပ်သားနှစ်ဦး၏အလောင်းကိုရှာတွေ့

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ကားတစ်စီး ရေထဲမျောပါရာမှ ပျောက်ဆုံးနေသည့် မြန်မာအလုပ်သမားနှစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရသည်။ ဇူလိုင်လ ၂၁ ရက် နံနက် ၄နာရီဝန်းကျင်က မြန်မာနှစ်ဦးလိုက်ပါကာ ထိုင်းနိုင်ငံသား မောင်းနှင်သည့်...

ထိုင်း ကန်ချနဘူရီတွင် တရားမဝင်မြန်မာလုပ်သား ၂၁ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ရှိ နေရာသုံးနေရာတွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာ အလုပ်သမား ၂၁ ဦးကို ဇူလိုင်လ ၃၀ နှင့် ၃၁ ရက်များတွင် ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ကန်ချနဘူရီခရိုင်အတွင်းရှိ...

ထိုင်းရောက်မြန်မာများ နိုင်ငံကူးလက်မှတ်အသစ်လုပ်လျှင် အလုပ်သမားကတ်တစ်ပါတည်းလုပ်ပေးမည်

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ PJ အမျိုးအစား နိုင်ငံကူးလက်မှတ်အသစ်လျှောက်ထားသူများကို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကို တစ်ပါတည်း လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အောက်တိုဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။ နိုဝင်ဘာလ ၇...

ထိုင်းတောင်ပိုင်းတွင် ဆိုင်ကယ်ခိုးသည်ဟုဆိုကာ မြန်မာလူငယ်လေးဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ နေအိမ်များသို့ ဝင်ရောက်ပြီး ဆိုင်ကယ်များကို ခိုးယူခဲ့သည်ဟုဆိုကာ မြန်မာလူငယ်လေးဦးကို ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာလူငယ်များသည် ခိုးယူခဲ့သော ဆိုင်ကယ်များကို စူရတ်ဌာနီခရိုင်မှတစ်ဆင့် ချွန်ဖော်မြို့သို့ ပို့ဆောင်ခဲ့ပြီး ယင်းမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ရောင်းချနေခြင်းဖြစ်ကြောင်း ဆိုသည်။ 

ကော့သောင်းတွင် ၁၅ ရက်အတွင်း ကိုဗစ်ပိုးတွေ့သူ ၂၁ ဦးအထိရှိလာ

ကော့သောင်းမြို့တွင် ၁၅ ရက်အတွင်း ( ဩဂုတ်လ ၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ) ကိုဗစ်နိုင်တီးရောဂါပိုး တွေ့ရှိသူ ၂၁ ဦးအထိရှိခဲ့ကြောင်း ကော့သောင်းမြို့ ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါ ကိုဗစ်ပိုးတွေ့သူ ၂၁ ဦးအနက် ပြီးခဲ့သည့်...

မလေးရှားတွင် မြန်မာလုပ်သားတစ်ဦး ကားမှတ်တိုင်တွင် ချော်လဲသေဆုံး

မလေးရှားနိုင်ငံ စလန်းကောပြည်နယ် စမုံညှင်းမြို့နယ်ရှိ ကားမှတ်တိုင်တွင် မြန်မာနိုင်ငံသားတစ်ဦး ချော်လဲပြီး ဦးခေါင်းထိခိုက်မိသဖြင့် သွေးထွက်လွန်ကာ သေဆုံးသွားကြောင်း ကွာလာလမ်ပူအခြေစိုက် မြန်မာလူမှုကူညီရေး အသင်းထံမှ သိရသည်။ မှတ်ပုံတင်ပါ အချက်အလက်များအရ သေဆုံးသူသည် အသက် ၃၆ နှစ်အရွယ်...

ဆုန်ကရန် သွားလည်ပြီး ထမင်းမချက်ထားသည့်ကိစ္စ မြန်မာဇနီးမောင်နှံ အချင်းများရာမှ ဇနီးသည်ဓားထိုးခံရ

ထိုင်းနိုင်ငံ စမွတ်ပရကန်မြို့တွင် ခင်ပွန်းသည်မှာ ဆုန်ကရန် သွားလည်သော်လည်း ပြန်ရောက်ချိန်တွင် ထမင်း မချက် ထားသဖြင့် ဇနီးသည် အလုပ်မှ ပြန်လာချိန် အချင်းများကြပြီး ဓားထိုးမှုဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စကားများ ရန်ဖြစ်ကြသော ဇနီးမောင်နှံနှစ်ဦးစလုံးသည်...

မလေးရှားတွင် မြန်မာလုပ်သားတစ်ဦး သတ်သေ

 မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားတစ်ဦး နိုဝင်ဘာလ ၁၂ ရက်နေ့က ကြိုးဆွဲချသတ်သေသွားကြောင်း အဆိုပါနိုင်ငံရှိ မြန်မာလူမှုကူညီရေးအသင်းထံမှ သိရသည်။ စယ်လန်းကောပြည်နယ် ရာဝမ်းမြို့တွင်နေထိုင်သော မြန်မာအလုပ်သမား ကိုနေရှိုင်းသည် ၎င်းအလုပ်လုပ်နေသည့် စက်ရုံတွင် တစ်ဦးတည်းရှိနေချိန် သတ်သေသွားခြင်းဖြစ်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။