ဘန်ကောက်တွင် လုပ်ငန်းခွင်အတွင်း သေဆုံးသော မြန်မာလုပ်သားကို နေအိမ်တွင်သေဆုံးဟုလိမ်လည်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဓါတ်လိုက်သေဆုံးခဲ့သော မြန်မာအလုပ်သမားကို အခန်းတွင် ဓါတ်လိုက်သေဆုံးဟု ထိုင်းအလုပ်ရှင်က လိမ်လည်ထွက်ဆိုကြောင်း မြန်မာအလုပ်သမားအတွက် ကူညီ ဆောင်ရွက်ပေးနေသော မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအသင်း WAG အဖွဲ့ထံမှ သိရသည်။ ကိုအောင်လွင်ဦးအမည်ရှိ မြန်မာအလုပ်သမားသည် ဧပြီလ...

အချင်းများရန်ဖြစ်ပြီး ကမ္ဘောဒီးယားလုပ်သားက မြန်မာလုပ်သားကို သေနတ်ဖြင့်ပစ်ခတ်

ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်တွင် အလုပ်သမားအချင်းချင်း စကားများရန်ဖြစ်ပြီးနောက် ကမ္ဘောဒီးယားအလုပ်သမားက မြန်မာအလုပ်သမားကို သေနတ်ဖြင့် ပစ်ခတ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပထုံဌာနီခရိုင် လမ်းလုက်ကားဒေသတွင် လမ်းတစ်နေရာတွင် ဇူလိုင်လ ၃၁ ရက် ညပိုင်း၌ အချင်းများရန်ဖြစ်ကာ သေနတ်ဖြင့်...

ထိုင်းနယ်စပ်မှ တနင်္သာရီဘက်ကူးမည့် မြန်မာ ၂ ဦးကို မူးယစ်ဆေးများနှင့်အတူ ထိုင်းရဲဖမ်းမိ

ထိုင်းနိုင်ငံနယ်စပ်နှင့် ထိစပ်နေသော တနင်္သာရီတိုင်းဘက်သို့ တရားမဝင် ဝင်ရောက်ရန် လုပ်ဆောင်နေသည့် မြန်မာ ၂ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဇန်နဝါရီလ ၂၉ ရက်နေ့က ထိုင်းရဲများက ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ ထိုင်းနိုင်ငံ၊ ပကျွတ်ခီရီခန်ခရိုင် ကောလက်ဒေသရှိ...

ကန်ချနဘူရီတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာလုပ်သား ၃၀ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၃၀ ဦးကို ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တိုယိုတာကားတစ်စီးဖြင့် မြန်မာအလုပ်သမားများကို တရားမဝင်တင်ဆောင်လာသည်ဟု သတင်းရထားသဖြင့်...

ထိုင်းအမြန်လမ်းတွင် တရားမဝင် မြန်မာလုပ်သား ၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ချိုင်းနတ်ခရိုင်ရှိ အမြန်လမ်းမတစ်နေရာတွင် တရားမဝင် အလုပ်သမားများ တင်ဆောင်လာသော ပစ်ကပ်ကားတစ်စီးကို တားဆီးစစ်ဆေးရာမှ မြန်မာအလုပ်သမား ၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဩဂုတ်လ ၇ ရက်နေ့က ချိုင်းနတ်ခရိုင် စမ်ဖရားဒေသ...

မဟာချိုင်တွင် အလှပြင်ဆိုင်ဖွင့်ထားသော မြန်မာလုပ်သားခုနစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် အလှပြင်ဆိုင်ဖွင့်လှစ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ခုနစ်ဦး ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စမွတ်စခွန်ခရိုင်တွင် ရွှေ့ပြောင်းအလုပ်သမားများသည် အလှပြင်ဆိုင်ဖွင့်၍ တရားမဝင်လုပ်ကိုင်နေသည်ဟု သတင်းပေးတိုင်ကြားမှုများ ရရှိထားသဖြင့် စမွတ်စခွန်မြို့...

မဟာချိုင်တွင် ထားဝယ်အမျိုးသမီးနှစ်ဦး အိပ်မက်အရထီထိုးရာမှ ထိုင်းထီ ဘတ် ၁၂ သန်းပေါက်

ထိုင်းနိုင်ငံ မဟာချိုင်ဒေသတွင် နေထိုင်လုပ်ကိုင်နေသော ထားဝယ်ဒေသခံ အမျိုးသမီးသူငယ်ချင်းနှစ်ဦးသည် မေလ ၂ ရက်က ဖွင့်လှစ်ခဲ့သော ထိုင်းထီတွင် အမြင့်ဆုံးဆုဖြစ်သော ပထမဆု နှစ်စောင်တွဲ ဘတ် ၁၂ သန်း ထီပေါက်ကြောင်း AAC မဟာမိတ် အဖွဲ့ထံမှ သိရသည်။

ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၂၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ စူခိုထိုင်းခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၂၉ ဦးကို ဩဂုတ်လ ၁၁ ရက် နေ့လယ်ပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ လမ်းဖန်းခရိုင်မှတဆင့် မြန်မာအလုပ်သမားများကို ဗန်ကားဖြင့် တင်ဆောင်လာသည်ဟု...

ကော့သောင်းမှ ထိုင်းသို့ တရားမဝင်လာသော မြန်မာ ၁၃ဦး ဖမ်းဆီးခံရ၊ ကလေးငယ်လေးဦးပါဝင်

ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော ကလေးသူငယ်များ အပါအဝင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၃ ဦးကို ယနေ့ (စက်တင်ဘာ ၃) ဖမ်းဆီးရမိကြောင်း အမှတ် ၂၅ ထိုင်းအထူးခြေမြန်တပ်ရင်းက ထုတ်ပြန်ထားသည်။

မလေးရှားသွားမည့် မြန်မာလုပ်သား ၁၀ဦး ရနောင်းတွင် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား ၁၀ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်တွင် ဇူလိုင်လ ၃၁ရက် ည ၁၀ နာရီခန့်တွင် ဖမ်းဆီးရမိကြောင်း အမှတ် (၂၅) ခြေမြန်တပ်ရင်းက ထုတ်ပြန်ထားသည်။ မြန်မာအလုပ်သမားများသည် ရနောင်း-ကော့သောင်းနယ်စပ်မှတစ်ဆင့်...