ဆုန်ကရန် သွားလည်ပြီး ထမင်းမချက်ထားသည့်ကိစ္စ မြန်မာဇနီးမောင်နှံ အချင်းများရာမှ ဇနီးသည်ဓားထိုးခံရ

0
453
ပုံစာ - ဒဏ်ရာရရှိသော အမျိုးသမီးကို လူမှုကူညီရေးအသင်းက ရှေးဦး ပြုစုကုသနေစဉ်။

ထိုင်းနိုင်ငံ စမွတ်ပရကန်မြို့တွင် ခင်ပွန်းသည်မှာ ဆုန်ကရန် သွားလည်သော်လည်း ပြန်ရောက်ချိန်တွင် ထမင်း မချက် ထားသဖြင့် ဇနီးသည် အလုပ်မှ ပြန်လာချိန် အချင်းများကြပြီး ဓားထိုးမှုဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

စကားများ ရန်ဖြစ်ကြသော ဇနီးမောင်နှံနှစ်ဦးစလုံးသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြသည်။

ဆုန်ကရန်ပွဲတော်ဖြစ်သော်လည်း အလုပ်မနားရသော အမျိုးသမီးဖြစ်သူမှာ ယနေ့ ဧပြီလ ၁၆ ရက်နေ့ နံနက် ၂ နာရီခန့်တွင် အခန်းသို့ ပြန်လည်ရောက်ရှိကြောင်း ဖော်ပြသည်။

ခင်ပွန်းသည်မှာ ဆုန်ကရမ်တွင် အပြင်ထွက် ရေကစားပျော်ပါးခဲ့သော်လည်း ထမင်းမချက်ထားသဖြင့် စကားများ ရန်ဖြစ်ကြကြောင်း ဆိုသည်။

အမျိုးသမီးဖြစ်သူက စိတ်ဆိုးပြီး အမျိုးသား၏ ဦးခေါင်းကို နံရံနှင့် ဆောင့်လိုက်သဖြင့် ခေါင်းကွဲသွားရာမှ အမျိုးသားဖြစ်သူက ဓားဖြင့် ပြန်ထိုးခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။

အလုပ်နားသဖြင့် အပြင်ထွက် ရေကစားကာ မူးနေခြင်းဖြစ်ပြီး မိန်းမဖြစ်သူ ပြန်လာသောအခါ ၎င်းကို ဆဲရာမှတစ်ဆင့် စကားများရန်ဖြစ်ကြပြီး ခေါင်းကွဲသွားသဖြင့် သူကိုယ်တိုင်ပင် မသိလိုက်ဘဲ ထိုးမိခဲ့ကြောင်း အမျိုးသားဖြစ်သူက ရဲစခန်းတွင် ဝန်ခံထားသည်။

ဓားကို ခြိမ်းခြောက်လိုစိတ်ဖြင့် ကိုင်ခဲ့ပြီးနောက် မရည်ရွယ်ဘဲ ထိုးမိခြင်းဖြစ်သည်ဟု ခင်ပွန်းသည်က ဆိုထားသည်။

ဇနီးသည်၏ ဝမ်းဗိုက်တွင် ဓားဒဏ်ရာ တစ်ချက်၊ နောက်ကျောတွင် တစ်ချက်ရရှိခဲ့ကြောင်း ရေးသားထားသည်။

ဒဏ်ရာရရှိသော အမျိုးသမီးကို လူမှုကူညီရေးအသင်းက ရှေးဦး ပြုစု ကုသပြီးနောက် စမွတ်ပရကန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့သည်။

ဓားဖြင့်ထိုးခဲ့သည့် ခင်ပွန်းသည်ကို စမွတ်ပရကန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဥပဒေအရ ဆက်လက် အရေးယူသွားမည် ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: CH 8, โหนกระแส