တနင်္သာရီတိုင်းတွင် နှစ်ဆန်းတစ်ရက်မှစပြီး ခုနစ်ရက်ကြာ မိုးရွာနိုင်ခြေရှိဟု မိုးဇလထုတ်ပြန်

0
377

မနက်ဖြန် ကျရောက်သည့် မြန်မာနှစ်ဆန်းတစ်ရက်မှစတင်ပြီး ခုနစ်ရက်ကြာ တနင်္သာရီတိုင်းတွင် နေရာကွက်ကျား မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်နှင့် အရှေ့ဘက်မှ ရွေ့လျားလာသော တိမ်တိုက်များ‌ကြောင့် အပူပျံတက်တိမ် အားကောင်းခြင်းကြောင့် တိုင်းနှင့်ပြည်နယ်အားလုံးနီးပါးတွင် မိုးရွာသွန်းနိုင်ကြောင်း မိုးဇလထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်းနှင့် ပြည်နယ်များအနက် တနင်္သာရီတိုင်းတွင် ဧပြီလ ၁၇ ရက်မှ ၂၃ ရက်နေ့အထိ ခုနစ် ရက်ဆက်တိုက် နေရာကွက်ကြား မိုးရွာနိုင်ကြောင်း ထုန်ပြန်ချက်တွင်ဖော်ပြထားသည်။

တိုင်းအတွင်းရှိ ဒေသခံများမှာ ဧပြီလအတွင်း ရာသီဥတုအလွန်ပူပြင်းသဖြင့် မိုးကိုမျှော်လင့်နေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထားဝယ်မြို့တွင်မူ ရာသီဥတုပူပြင်းသည့်ကြားထဲ မကြာခဏ လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ပေါ်နေသဖြင့် မြို့ခံတို့က ဝေဖန်နေကြသည်။