မဲဆောက်တွင် မြန်မာလူငယ်နှစ်ဦး သေနတ်နှစ်လက်နှင့်အတူ ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့အနီးရှိ မဲဆောက်-အူဖန်း ကားလမ်းမပေါ်တွင် ဆိုင်ကယ်စီးလာသော မြန်မာလူငယ်နှစ်ဦးကို သေနတ် နှစ်လက်နှင့်အတူ ဖမ်းဆီးခံရကြောင်း မြန်မာတော်လှန်ရေးအင်အားစုများနှင့် ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရသိရသည်။ မေလ ၁ ရက်နေ့က ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးကို မသင်္ကာသဖြင့်...

CI စာအုပ်လုပ်ခွင့် ယာယီရပ်ဆိုင်းသဖြင့် မြန်မာလုပ်သားများအခက်တွေ့၊ ပြန်ဖွင့်မည်ရက်ဆွေးနွေးနေဟုဆို

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် CI စာအုပ် လုပ်ခွင့်ပြုထားသည့် နောက်ဆုံးရက် မရောက်မီ ယာယီရပ်ဆိုင်းလိုက်သဖြင့် အလုပ်သမာများ အခက်အခဲကြုံတွေ့နေရကြောင်း မြန်မာအလုပ်သမားများက ပြောသည်။ CI စာအုပ်ကို မြန်မာသံရုံးက ထုတ်ပေးခြင်းဖြစ်ပြီး မေလ ၁၃ရက်အထိ...

အထောက်အထားမဲ့ မြန်မာလုပ်သား ၂၃ ဦး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင် ဘန်ဖလီဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အထောက်အထားမဲ့ လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၂၃ ဦးကို ဧပြီလ ၂၈ ရက်နေ့တွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြသည်။ တံတားအနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း တရားမဝင်...

မြန်မာလုပ်သားနှစ်ဦး ညပိုင်းဆိုင်ကယ်စတန့်ပြမောင်းရာမှ ရုန်းရင်းဆန်ခတ်ဖြစ်၊ ထိုင်းလူမျိုးက သေနတ်ပစ်ဖောက်

ထိုင်းတောင်ပိုင်းတွင် ချွန်ဖော်ခရိုင် ဟတ်ပကလိုင်ဒေသရှိ ထိုင်းလူမျိုးများနေအိမ်ရှေ့တွင် မြန်မာအလုပ်သမားနှစ်ဦး ညပိုင်း ဆိုင်ကယ်စတန့်ပြမောင်းနှင်နေရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ကြောင်း ထိုင်းသတင်းဌာနအချို့တွင် ဖော်ပြသည်။ ဧပြီလ ၂၅ ရက်နေ့ ညပိုင်းက ဆိုင်ကယ်ဘီးထောင်စတန့်ပြကာ အကြိမ်ပေါင်းများစွာ မောင်းနှင်နေခဲ့ပြီး ဆိုင်ကယ်သံ ဆူညံသဖြင့်...

ထိုင်း ကန်ချနဘူရီ မြန်မာလုပ်သား ၄၂ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၄၂ ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ ဗုဒ္ဓဂါယာစေတီအနီးတွင် မြန်မာအလုပ်သမားများ ရှိနေကြောင်း သတင်းပေးတိုင်ကြားချက်ကြောင့် ထိုင်းအာဏာပိုင်များက ဧပြီလ...

ကားအနောက်ဘက်တွင် ပုန်းခိုလိုက်လာသည့် မြန်မာလုပ်သား ၂၅ဦး ထိုင်းတွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း ဖတ်ထလူခရိုင် ပါဘွန်ဒေသတွင် ပစ်ကပ်ကားအနောက်ဘက်၌ အိတ်နှင့် ပလက်စတစ်ပိုင်းများအောက် ပုန်းခိုလိုက်ပါလာသည့် မြန်မာအလုပ်သမား ၂၅ ဦးကို ဧပြီလ ၂၅ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်းနိုင်ငံအလယ်ပိုင်းမှတစ်ဆင့် မြန်မာအလုပ်သမားများကို တရားမဝင်...

ထိုင်း တာခ့်ခရိုင်တွင် မြန်မာလုပ်သားနှစ်ဦး မိုးကြိုးပစ်ခံရပြီးသေဆုံး

ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်မြို့တောင်ဘက် ဖို့ဖရာ့ဒေသတွင် မြန်မာအလုပ်သမားနှစ်ဦး ဧပြီလ ၂၅ ရက် ညနေ ၃ နာရီခွဲခန့်က မိုးကြိုးပစ်ခံရသဖြင့် သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ၎င်းတို့နှစ်ဦးသည် နေပူနေချိန် တောင်ပေါ်သို့ တက်ကာ...

ဘန်ကောက်တွင် တရားဝင်မြန်မာလုပ်သားတစ်ဦး ဆေးကုသခွင့်မရရှိဘဲ သေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရုတ်တရက် သတိလစ်သွားသော မြန်မာအလုပ်သမားတစ်ဦး အချိန်မီဆေးကုသခွင့် မရရှိဘဲ ဧပြီလ ၂၃ရက်က သေဆုံးသွားကြောင်း ၎င်းနှင့်နီးစပ်သည့် မြန်မာအလုပ်သမားများထံမှ သိရသည်။ သေဆုံးသူ မြန်မာအလုပ်သမားသည် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MoU စနစ်ဖြင့် လာရောက်လုပ်ကိုင်သူဖြစ်ကြောင်း...

မဲဆောက်တွင် သခွားသီးတင်ကားထဲ ပုန်းခိုလိုက်လာသည့် မြန်မာလုပ်သား ၁၃ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်မြို့အထွက် စစ်ဆေးရေးဂိတ်တစ်ခုတွင် သခွားသီးတင်ကားထဲ ပုန်းခိုလိုက်ပါလာသည့် မြန်မာအလုပ်သမား ၁၃ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယနေ့ ဧပြီလ၂၃ ရက် နံနက်ပိုင်းတွင် ကားကို ထိုင်းအာဏာပိုင်များက စစ်ဆေးရာမှ မြန်မာအလုပ်သမားများကို...

ကော့သောင်းဒေသခံတစ်ဦး ထိုင်းတောင်ပိုင်းတွင် ကလေးမီးဖွားရာ ကလေးရောမိခင်ပါသေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ကော့သောင်းဒေသခံ မြန်မာအလုပ်သမားတစ်ဦးသည် ဆေးရုံတွင် ကလေးမီးဖွားရာ၌ ကလေးရောမိခင်ပါ အသက်ဆုံးရှုံးသွားကြောင်း ဝပ်ဖိုဝိုင်နာရေးကူညီမှုအသင်းထံမှ သိရသည်။ သေဆုံးသွားသောမိခင်မှာ အသက် ၂၅ နှစ်အရွယ်ဖြစ်ပြီး ကော့သောင်းတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။