ပုလောမြို့နယ်တရားရုံးတွင် ဗုံးနှစ်လုံး ပေါက်ကွဲ

မြိတ်ခရိုင် ပလောမြို့နယ်တရားရုံးတွင် ယနေ့ (မတ် ၂၆) ဗုံးနှစ်လုံး ပေါက်ကွဲကြောင်း ပုလောဒေသခံများထံမှ သိရသည်။ ပုလောမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ မြို့နယ်တရားရုံး၌ ယနေ့ နံနက် ၄ နာရီခန့်တွင် ဗုံးတစ်လုံး...

မြိတ်-တနင်္သာရီလမ်းပေါ် စစ်ကောင်စီကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားသုံးစီးဖြင့် သွားလာစဉ် ယနေ့ (မတ် ၂၅) ညနေ့ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ယင်းအနီးဝန်းကျင်က ဒေသခံများထံမှ သိရသည်။ တနင်္သာရီမြို့နယ်၊ မော်တုံးကျေးရွာအုပ်စု၊ ကဒဲလိပ်ရွာနှင့် မိုင်ဝက်ခန့်အကွာတွင် ယနေ့ ညနေ...

မြိတ်တွင် အုတ်တစ်ထောင် ကျပ်နှစ်သောင်းခန့် ဈေးတက်ပြီးနောက် ဈေးပြန်ကျ

မြိတ်တွင် အုတ်ချပ်တစ်ထောင်လျှင် ယမန်နှစ်ဈေးထက် ကျပ်နှစ်သောင်းခန့် ဈေးတက်ခဲ့ပြီး လက်ရှိတွင်မူ ကျပ်တစ်သောင်းခွဲခန့် ဈေးပြန်ကျသွားကြောင်း အုတ်လုပ်ငန်းရှင်များနှင့် အုတ်ဝယ်ယူအသုံးပြုသူအချို့ထံမှ သိရသည်။ မြိတ်မြို့တွင် ပြီးခဲ့သည့်နှစ်က အိမ်အရောက် အုတ်ချပ် တစ်ထောင်လျှင် ကျပ်ရှစ်သောင်း ဈေးရှိခဲ့ပြီး ယခုနှစ်...

ကျိုက်မရော ချောင်းနှစ်ခွတံတား စစ်ဆေးမှုတင်းကျပ်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတားရှိ ရဲကင်း ပစ်ခတ်ခံရပြီးနောက် တစ်ရက်ကြာ ပိတ်ထားခဲ့ပြီး တံတားကို ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုရာတွင်လည်း စစ်ဆေးမှုတင်းကျပ်ထားကြောင်း ခရီးသွားဒေသခံတို့ထံမှ သိရသည်။ ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက မတ်လ ၁၉ ရက်နေ့တွင် လာရောက်...

တိုင်းအတွင်းသုံးနေသည့် ရသေ့ဆေး အသက်အန္တရာယ်ရှိကြောင်း ထိုင်းထုတ်ပြန်

တနင်္သာရီတိုင်းအတွင်း အသုံးပြုနေကြသည့် ထိုင်းနိုင်ငံထုတ် ရ‌သေ့ဆေးရည်တွင် အသက်အန္တရာယ် ဖြစ်စေသည့် စတီးရွိုက်ဆေးပြား‌များပါဝင်ကြောင်း ထိုင်းနိုင်ငံ စားသုံးသူရေးရာဦးစီးဌာနက ယနေ့ထုတ်ပြန် လိုက်သည်။ အဆိုပါ ရသေ့ဆေးရည်တွင် ကျောက်ကပ်လျင်မြန်စွာပျက်စီးစေသည့် စတီးရွိုင်ဆေးပြားနှင့် ရောင်ရမ်းမူကို သက်သာစေသည့်ဆေးပြားများ၊ အကိုက်အခဲပျောက်ဆေးများကို အလွန်အကျွံအသုံးပြုထားကြောင်း...

ထားဝယ်တွင် အရက်ရောင်းခွင့်လိုင်စင်အသစ် ချမပေးသေးဟုဆိုသော်လည်း ဆိုင်အသစ်များတိုးလာ

ထားဝယ်ခရိုင်အတွင်း အရက်ရောင်းချခွင့် လိုင်စင် (ယစ်မျိုးလိုင်စင်) အသစ်ချပေးထားခြင်းမရှိကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးကပြောဆိုသော်လည်း ဒေသခံအချို့ကမူ ခရိုင်အတွင်း အရက်အမျိုးအမျိုးကို လက်လီ၊ လက်ကား ရောင်းချနေသည့် ဆိုင်အသစ်များကို တွေ့လာကြောင်း ဆိုသည်။ အရက်လိုင်စင်အသစ် ချပေးခြင်းမရှိဘဲ အရင်လိုင်စင် အဟောင်းများကိုသာ...

ကျွန်းစု-မြိတ် အမြန်ရေယာဉ်များ ပုံမှန်ပြန်ပြေးဆွဲ

မုန်တိုင်းအန္တရာယ်ကြောင့် ခေတ္တရပ်နားခဲ့ရသည့် ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ ပြေးဆွဲနေသည့် အမြန်ရေယာဉ်များ ယနေ့ (မတ် ၂၄) ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း အမြန်ရေယာဉ်ပိုင်ရှင်နှင့် ခရီးသည်များထံမှ သိရသည်။ ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ပြေးဆွဲနေသည့် အမြန်ရေယာဉ်သုံးစီးနှင့် ကုန်တင်ရေယာဉ်များအား မုန်တိုင်း အန္တရာယ်ကြောင့်...

ရေဖြူ နဘုလယ်ဒေတွင် အမျိုးသားတစ်ဦး သတ်ခံရပြီး အုပ်ချုပ်ရေးမှူးနေအိမ် မီးရှို့ခံရ

ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသ ရလိုင်ရွာက ဒလန်ဟုဆိုသူ အမျိုးသားတစ်ဦး အသတ်ခံရပြီး ပရဒတ်ရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်မီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။ အသက် ၅၈ နှစ်အရွယ်ရှိ ဦးမြင့်သားဆိုသူကို မတ်လ ၂၂ ရက်နေ့...

ပြည်တွင်းလေယာဉ်ခရီး မှတ်ပုံတင်မူရင်းပြနိုင်မှ စီးခွင့်ရတော့မည်

လေယာဉ်ဖြင့် ပြည်တွင်းခရီးသွားလာလျှင် ဧပြီလ ၁ရက်နေ့မှစတင်ကာ နိုင်ငံသားကတ် (မှတ်ပုံတင်) မူရင်း ပြသနိုင်မှသာလျှင် စီးနင်းခွင့်ရတော့မည်ဖြစ်ကြောင်း လေကြောင်းလိုင်းအချို့က ထုတ်ပြန်ထားသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အသက် ၁၆ နှစ်နှင့် အထက် မြန်မာနိုင်ငံသားခရီးသည်များသည်...

မြိတ်တွင် မတ်လအတွင်း ကိုဗစ်ဖြင့် ခုနစ်ဦး သေဆုံး

မြိတ်မြို့တွင် မတ်လအတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ခုနစ်ဦး ရှိနေပြီဖြစ်ကြောင်း တိုင်းကျန်းမာရေးဦးစီးဌာန၏ မြို့နယ်အလိုက် Covid 19 ပိုးတွေ့၊ သေဆုံးလူနာ အခြေပြဇယားတွင် ဖော်ပြပြီး မြေပြင်တွင် ယင်းထက် ပိုများကြောင်း နာရေးကူညီမှုအသိုင်းအဝိုင်းထံမှ သိရသည်။