မြိတ်သို့ပို့ဆောင်သည့် ကျောင်းသုံးစာအုပ်များ လမ်းခုလပ်တွင် မီးရှို့ခံရ

မြိတ်မြို့သို့ ပို့ဆောင်လိုက်သည့် ကျောင်းသုံးစာအုပ်များ ထားဝယ် - မြိတ် ကားလမ်းမတစ်နေရာတွင် မေလ ၂၄ ရက်က မီးရှို့ခံခဲ့ရကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ ယင်းစာအုပ်များသည် ရန်ကုန်မှ မြိတ်မြို့သို့ တိုက်ရိုက်ပို့ဆောင်သည့် ကျောင်းသုံးစာအုပ်များဖြစ်ပြီး...

ပုလောတွင် တိုက်ပွဲဖြစ်နေ

မြိတ်ခရိုင်၊ ပုလောမြို့နယ် ပုလောကုန်းကျေးရွာအုပ်စုတွင် ယနေ့ (မေ ၂၆) နံနက် ၁ဝနာရီဝန်းကျင်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောကုန်းကျေးရွာအုပ်စုတွင် နံနက် ၁၀ နာရီဝန်းကျင်မှစတင်သည့် တိုက်ပွဲမှာ မွန်းလွဲ ၁...

တနင်္သာရီမှ မြိတ်သို့ စစ်ဘေးရှောင်လာသူများ နေစရာနှင့် စားသောက်ရေးအကူအညီလိုအပ်

တနင်္သာရီမြို့နယ် တကူနှင့် သရဘွင်ကျေးရွာအုပ်စုတို့မှ မြိတ်မြို့သို့ စစ်ဘေးရှောင်လာကြသူများ နေထိုင်ရန် အဆောက်အအုံနှင့် စားသောက်ရေးအကူအညီ လိုအပ်နေကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။ တကူတနှင့် သရဘွင်တို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲများဖြစ်ပွားနေ သောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

တနင်္သာရီ သိန္ဒော‌ကျေးရွာရှိ စစ်ကောင်စီတပ်စခန်း ပစ်ခတ်ခံရဟုဆို

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ယနေ့ (မေ ၂၄) ညနေ ၅ နာရီခန့်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း တောင်ပိုင်းသူရဲကောင်းများ အင်အားစု(SWDF) က ထုတ်ပြန်လိုက်သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးကြောင်း၊...

တနင်္သာရီတိုင်းတွင် တိုက်ပွဲ ၃၆ ကြိမ်အထိဖြစ်ပွား

အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းတွင် တိုက်ပွဲပေါင်း ၃၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က မေလ ၂၃ ရက်နေ့က ထုတ်ပြန်လိုက်သည်။ ယင်းအရေအတွက်မှာ စစ်တပ်က အာဏာစသိမ်းသည့်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁...

ဖမ်းဆီးခံ ပုလောဒေသခံခြောက်ဦး ၁၀ ရက်ကြာသည်အထိ ပြန်မလွတ်သေး

မြိတ်ခရိုင်၊ ပုလောမြို့နယ်က ဖမ်းဆီးခံထားရသည့် ဒေသခံခြောက်ဦး ၁၀ ရက်ကြာသည်အထိ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာ ရွာထိပ်အနီးတွင် နေထိုင်ကြသည့် နေအိမ်များမှ အသက် ၃၀ ဝန်းကျင်အရွယ်...

ရေခူရှားပါးလာသဖြင့် ဈေးတက်

မြိတ်ပင်လယ်ပြင်အတွင်း Jellyfish ခေါ် ရေခူ ရှားပါးလာပြီး ဈေးနှုန်းလည်း ယခင် ၂နှစ်ကထက် နှစ်ဆကျော်မြင့်တက်လာကြောင်း ရေခူလုပ်ငန်းလုပ်ကိုင်ကြသူများထံမှ သိရသည်။ ယခင် ၂ နှစ်ခန့်က ရေခူအခြောက်တစ်ပိဿာ ကျပ် လေးထောင်ဝန်းကျင်ရှိခဲ့ရာမှ လက်ရှိတွင် တစ်ပိဿာ...

တကူ၊သရဘွင် တိုက်ပွဲကြောင့် ဒေသခံတစ်သောင်းကျော် စစ်ဘေးရှောင်

တနင်္သာရီမြို့နယ်၊တကူနှင့် သရဘွင်ကျေးရွာအုပ်စုများတွင် ဖြစ်ပွားနေသော တိုက်ပွဲကြောင့် နေရပ်စွန့်ခွါကာ စစ်ဘေးရှောင်နေကြသည့် ဒေသခံပြည်သူ တစ်သောင်းလေးထောင်ခန့်ရှိနေကြောင်း စစ်ရှောင်များအား အကူအညီပေးနေသည့် Compassion For IDP အဖွဲ့က ယနေ့ထုတ်ပြန်သည်။ မေလ ၁၉ ရက် ညဦးကစတင်ခဲ့သည့် တိုက်ပွဲကြောင့် တကူတိုက်နယ်ရှိ၊သံတိုက်၊...

တကူနှင့် သရဘွင်တွင် တိုက်ပွဲပြင်းထန်၊ အင်တာနက် စတင်ပြတ်တောက်

တနင်္သာရီမြို့နယ် တကူနှင့် သရဘွင်ကျေးရွာတို့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ယနေ့နံနက်မှစကာ အင်တာနက်လိုင်းများလည်း ပြတ်တောက်နေကြောင်း ဒေသခံများ ထံမှသိရသည်။ တကူကျေးရွာအုပ်စုနှင့် သရဘွင်ကျေးရွာအုပ်စုများရှိရာ ဒေသအတွင်း စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

သရဘွင်အရှေ့ကမ်းတွင် တိုက်ပွဲဖြစ်၊ တကူတွင် ဒေသခံအချို့ ဖမ်းဆီးခံရဟုဆို

တနင်္သာရီမြို့နယ်၊ သရဘွင်အရှေ့ကမ်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ (မေ ၂၀) နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့နံက် ၁၁ နာရီဝန်းကျင်ကစပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများ...