ပုလော ပလစက်တော်ရာရွာ ရာအိမ်မှူးပစ်သတ်ခံရ

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ စက်တော်ရာကျေးရွာက ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ပလမြို့နယ်ခွဲ၊ ကျဲကျေးရွာအုပ်စု စက်တော်ရာကျေးရွာက ရာအိမ်မှူး ဦးအေးထွန်းသည် ဇွန်လ ၃ ရက်ည ၇ နာရီခန့်တွင် ရွာထိပ်လမ်းမ၌...

စစ်ဘေးရှောင်များကို ကူညီနေသည့် CDM သူနာပြုဆရာမ ရုတ်တရက်ကွယ်လွန်

တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအား ကူညီနေသည့် CDM ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦး ရုတ်တရက် ကွယ်လွန်သွားကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာရှိ ကျန်းမာရေးဌာနက CDM ပြုလုပ်ထားသည့် သူနာပြုဆရာမ ဒေါ်သဇင်ငြိမ်းသည် စစ်ဘေးရှောင်နေသူများနှင့် အတူနေထိုင်နေစဉ်...

ပုလော ကားလမ်းပေါ် စစ်ကောင်စီတပ်ကားနှစ်စီး မိုင်းဆွဲခံရ

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ကောင်စီတပ်ကားနှစ်စီး မိုင်းဆွဲတိုက်ခိုက် ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောမြို့နယ်၊ ကဒဲရွာနှင့် မင်းထိန်ရွာကြားရှိ ပြည်ထောင်စုလမ်းပေါ်တွင် ဇွန်လ ၁ ရက်နေ့ ည ၉ နာရီ ဝန်းကျင်တွင်...

ပုလောအရှေ့ခြမ်းရှိ ရွာတစ်ဆယ်ကျော် ဆန်နှင့် စက်သုံးဆီ သယ်ခွင့်ကန့်သတ်ခံရ

မြိတ်ခရိုင်၊ ပုလောမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာတစ်ဆယ်ကျော်သို့ ဆန်၊ စက်သုံးဆီနှင့် စားသုံးဆီများ သယ်ယူခွင့် စစ်ကောင်စီတပ်ဖွဲ့က ကန့်သတ်ထားကြောင်း ဒေသခံများက ပြောသည်။ နန်းတောင်ကျေးရွာအုပ်စု၊ ပုလောကုန်းကျေးရွာအုပ်စုနှင့် ရေရှမ်းကျေးရွာအုပ်စုများရှိ ရွာပေါင်း တစ်ဆယ် ကျော်ကို ပြီးခဲ့သည့် တစ်ပတ်ကျော်မှစတင်ပြီး...

ကမ်းဝေးငါးဖမ်းလှေ ၂၅၀ ကျော် တစ်လစော၍ ပြန်လည်ငါးဖမ်းခွင့်ရ

တနင်္သာရီတိုင်းအတွင်းရှိသည့် ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ကျော်အနက် ၂၅၀ကျော်ကို ယနေ့ (ဇွန် ၁) မှစတင်၍ ပြန်လည်ငါးဖမ်းဆီးခွင့်ပြုလိုက်ကြောင်း တနင်္သာရီတိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ ယခုနှစ် ငါးသားပေါက်ရာသီဖြစ်သည့် ဧပြီ၊ မေ၊ ဇွန်လတို့ကို ငါးမဖမ်းရရာသီအဖြစ် သတ်မှတ်ထားခြင်း...

ပုလော မြို့မျက်နှာဖုံးလုပ်ငန်းရှင်တစ်ဦးနှင့် ဒေသခံတစ်ဦးတို့ အဖမ်းခံရ

မြိတ်ခရိုင်၊ ပုလောမြို့နယ် မြို့မျက်နှာဖုံး ရော်ဘာခြံလုပ်ငန်းရှင်တစ်ဦးနှင့် မင်းထိန်ရွာက ဒေသခံတစ်ဦး တို့ကို စစ်ကောင်စီတပ်က ယနေ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (မေ ၃၀) မွန်းလွဲပိုင်းက ပဝတ်ကုန်းရွာတွင်နေထိုင်သည့် ရော်ဘာဥယျာဉ်ခြံလုပ်ငန်းရှင် ဦးမောင်ညိုအိမ်သို့ စစ်ကောင်စီတပ်သားများ...
Bicycle

မြိတ်တွင် ဘေးတွဲဆိုင်ကယ် အဝယ်လိုက်၊ ဈေးမြင့်ရ

မြိတ်မြို့တွင် သုံးဘီးဘေးတွဲဆိုင်ကယ်များ အဝယ်လိုက်ပြီး တစ်စီးလျှင် ကျပ် နှစ်သိန်းခွဲဝန်းကျင်အထိ ဈေးမြင့်တက်နေကြောင်း သုံးဘီးဆိုင်ကယ် မောင်းသူအချို့ထံမှ သိရသည်။ လူရှစ်ဦးအထိ စီးနိုင်သည့် သုံးဘီးဘေးတွဲဆိုင်ကယ်များအား အဝယ်လိုက်လာနေခြင်းဖြစ် ကြောင်း သုံးဘီးဘေးတွဲဆိုင်ကယ်မောင်းနင်သူအချို့က ပြောပြသည်။

မြိတ်အထက်တန်းကျောင်းအနီး နှစ်ရက်ဆက်တိုက် ဗုံးပေါက်

မြိတ်မြို့၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းအနီးတွင် နှစ်ရက်ဆက်တိုက် ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရသည်။ မြိတ်မြို့၊ မြို့သစ်ရပ်၊ အထက (၇) ကျောင်းအနောက်ဘက် ဈေးလမ်းတွင် မေလ ၂၆ ရက် ည ၇...

ဒူးရင်းသီးဈေး လေးဆနီးပါးကျဆင်း

မြိတ်ခရိုင်အတွင်းမှ ဒူးရင်းသီးများ လှိုင်လှိုင်ထွက်လာပြီးနောက် ဈေးနှုန်း လေးဆနီးပါး ကျဆင်းသွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဒူးရင်းသီးစပေါ်ချိန် မတ်လတွင် အလုံးကြီးတစ်လုံး တစ်သောင်းခွဲမှ ကျပ်နှစ်သောင်းအထိ ရောင်းချခဲ့ရပြီး လက်ရှိအချိန်တွင် အမြင့်ဆုံးဈေး ကျပ်လေးထောင်၊ ငါးထောင်သာ ဈေးရတော့ကြောင်း...

ပုလောတွင် ကျေးရွာများအတွင်း လက်နက်ကြီးကျည်ကျသဖြင့် ရွာသားများ ထွက်ပြေးရ

မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း ယနေ့ (မေ ၂၆) လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲနေသည့်အတွက် ရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (မေ ၂၆) နံနက် ၁၀ နာရီဝန်းကျင်မှ စတင်ကာ...