ဘုတ်ပြင်းရှိ ရွာများတွင် လျှပ်စစ်တစ်ယူနစ် ကျပ်နှစ်ထောင်အထိပေးရ

သွားလာရခက်ခဲ့သည့် ဘုတ်ပြင်းမြို့နယ်ရှိ ပင်လယ်ကျေးရွာများတွင် လျှပ်စစ်မီးတစ်ယူနစ်ကို ကျပ်နှစ်ထောင်အထိ ပေးကာသုံးစွဲနေရကြောင်း ဒေသခံများ ထံမှသိရသည်။ ပြီးခဲ့သည့်မတ်လအတွင်း အဆိုပါပင်လယ်ရွာများတွင် လျှပ်စစ်တစ်ယူနစ် ကျပ်တစ်ထောင်ဝန်းကျင်သာ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တစ်ယူနစ် ကျပ်နှစ်ထောင်ပေးကာ သုံးစွဲနေရသည်ဟု ဘုတ်ပြင်းမြို့နယ် ဒေသခံများကပြောသည်။

ပုလောမြို့တွင် ဆိုင်ပိုင်ရှင်ငါးဦး ဖမ်းဆီးခံရ

မြိတ်ခရိုင် ပုလောမြို့တွင် ကုန်မာဆိုင်ပိုင်ရှင် ငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း မြို့ခံများထံမှ သိရသည်။ ဇွန်လ ၁၅ ရက်ညက ဆိုင်ကယ်အပိုပစ္စည်းဆိုင်ပိုင်ရှင်တစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ယနေ့ (ဇွန် ၁၆) အာရုံတက်ချိန်တွင်လည်း ကုန်မာဆိုင်ပိုင်ရှင်...
LaeThit

တနင်္သာရီ လယ်သစ်ရွာအနီးတွင် တိုက်ပွဲဖြစ်

မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအနောက်ကမ်းတွင် ယနေ့ (ဇွန် ၁၅) ညနေ ၃ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ လယ်သစ်အနောက်ကမ်းသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်နှင့် တိုက်ပွဲဖြစ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပုလော ကျောင်းနိမ့်ရွာတိုက်ပွဲ ပြည်သူ့ကာကွယ်ရေးတပ်မှ တစ်ဦးကျဆုံး၊ နှစ်ဦးဒဏ်ရာရ

မြိတ်ခရိုင်၊ ပုလောမြို့နယ်အရှေ့ခြမ်း ကျောင်းနိမ့်ကျေးရွာတိုက်ပွဲအတွင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးသွားပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ပုလောပြည်သူ့ကာကွယ်ရေးအင်အားစု (PPDF) က ယနေ့ ထုတ်ပြန်သည်။ ဇွန်လ ၁၃ ရက်နေ့ နံနက် ၆ နာရီခွဲမှစတင်ကာ စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့...

ထားဝယ်နှင့် ပုလောသား ကိုးဦးလိုက်ပါသည့် ငါးဖမ်းလှေ အင်ဒိုနီးရှားတွင် အဖမ်းခံရ

ထားဝယ်နှင့် ပုလောမြို့နယ်က လှေလုပ်သား ကိုးဦးပါဝင်သည့် မလေးရှားငါးဖမ်းစက်လှေတစ်စီး ဇွန်လ ၉ ရက်က အင်ဒိုနီးရှားနိုင်ငံ ရေပိုက်နက်တွင် ဖမ်းဆီးခံလိုက်ရကြောင်း အဖမ်းခံရသူနှင့် ဆွေမျိုးတော်သူအချို့က ပြောသည်။ ယင်းငါးဖမ်းစက်လှေပေါ်တွင် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကျောက်ခမောက်ကျေးရွာသားများဖြစ်ကြသည့် ကိုသက်လွင်၊...

ပုလောအရှေ့ခြမ်းက ရွာသုံးရွာ လက်နက်ကြီးပစ်ခတ်ခံရ

ပုလောအရှေ့ခြမ်းက ကျေးရွာသုံးရွာ ယနေ့ (ဇွန် ၁၃) နံနက်ပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ နံနက် ၇ နာရီဝန်းကျင်မှစတင်ကာ ရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသဖြင့် ဂျက်ဂါ၊ မှော်မိ၊...

ပုလောအရှေ့ခြမ်းတွင် တိုက်ပွဲထပ်ဖြစ်

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းဝင်းကျေးရွာတွင် ယနေ့ တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောအရှေ့ခြမ်း မင်းဝင်းကျေးရွာအနီးတွင် ယနေ့ (ဇွန် ၁၁) နံနက် ၉ နာရီဝန်းကျင်တွင် နှစ်နာရီခန့်ကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်...

ပုလော ရှမ်းဒွတ်ရွာတွင် တိုက်ပွဲဖြစ်ပြီး ရွာသားများထွက်ပြေးနေရ

ပုလောမြို့နယ်၊ အရှေ့မြောက်ဖက် ရှမ်းဒွတ်ကျေးရွာတွင် ယနေ့ (ဇွန် ၁၀) တိုက်ပွဲဖြစ်ပွားနေပြီး ရွာသားများ ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များသည် ယနေ့ နံနက်တွင် ရှမ်းဒွတ်ကျေးရွာအနီးသို့ ရောက်ရှိလာကြောင်း ဒေသခံများက...

မြိတ်တွင် စက်သုံးဆီဆိုင်ငယ်များ ပြန်မဖွင့်နိုင်သေး

မြိတ်မြို့တွင် လိုင်စင်မဲ့ စက်သုံးဆီဆိုင်များကို ဖမ်းဆီးမည်ဆိုသဖြင့် ယမန့်နေ့မှစတင်ကာ ပိတ်ထားသည့် တစ်နိုင်တစ်ပိုင်ဆီဆိုင်များမှာ အရေးယူမယူ သေချာမသိရသေးသဖြင့် ပြန်မဖွင့်နိုင်သေးကြောင်း အဆိုပါဆိုင်များကို မေးမြန်းချက်အရ သိရသည်။ ဇွန်လ ၉ရက်နေ့က လိုင်စင်မဲ့ဆီဆိုင်များကို လိုက်ဖမ်းမည်ဆိုသဖြင့် ဆီဆိုင်ငယ်အများစု ပိတ်သွားရာ...

မြိတ်တွင် စက်သုံးဆီများ တိုးဝှေ့ဝယ်ယူနေရ

မြိတ်တွင် ယနေ့ (ဇွန် ၉) စက်သုံးဆီများ တိုးဝှေ့ဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။ ပုံမှန်ရောင်းချနေသည့် ဆီဆိုင်ငယ်အများစု ယနေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ပိတ်လိုက်သည့်အတွက် လက်ရှိဖွင့်နေသေးသည့် ဆိုင်အချို့တွင် ဒေသခံများ တိုးဝှေ့ဝယ်ယူနေကြကြောင်း...