ပုလောတွင် တိုက်ပွဲဖြစ်နေ

0
377

မြိတ်ခရိုင်၊ ပုလောမြို့နယ် ပုလောကုန်းကျေးရွာအုပ်စုတွင် ယနေ့ (မေ ၂၆) နံနက် ၁ဝနာရီဝန်းကျင်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

ပုလောကုန်းကျေးရွာအုပ်စုတွင် နံနက် ၁၀ နာရီဝန်းကျင်မှစတင်သည့် တိုက်ပွဲမှာ မွန်းလွဲ ၁ နာရီခွဲချိန်အထိ လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“လက်နက်ကြီးတွေပစ်နေတာ တစ်အုန်းအုန်းနဲ့။ အချက် ၂၀ ကျော်ပြီ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ယင်းကျေးရွာအုပ်စုအတွင်း အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းလည်း ဆက်သွယ် အသုံးပြုရ အဆင်မပြေဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။

“ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ တက်လိုက်ကျလိုက်ဖြစ်နေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို Dawei Watch အနေဖြင့် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။