အသံတိတ်သပိတ်နေ့ မြိတ်တွင် စစ်ကောင်စီက ကာကွယ်ဆေးထိုး ဈေးရောင်း

မြိတ်မြို့တွင် ယနေ့ အသံတိတ်သပိတ်ပြုလုပ်နေစဉ် တစ်ဖက်တွင် စစ်ကောင်စီက ကလေးငယ်များကို ကာကွယ်ဆေး ထိုးခြင်း၊ ဈေးသက်သာစွာဖြင့် ဈေးရောင်းပေးခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။ သို့သော်လည်း မြို့ပေါ်တွင် အသွားအလာ တိတ်ဆိတ်နေကြောင်း ၎င်းတို့က ဆိုသည်။

ရှမ်းမီး‌သွေးဈေးတက်၊ မြိတ်တွင် တစ်အိတ်ကျပ်တစ်သောင်းနှစ်ထောင်ဖြစ်လာ

မြိတ်တွင် ရှမ်းမီး‌သွေး တစ်အိတ်လျှင် ကျပ်တစ်သောင်းနှစ်ထောင်ဖြစ်လာကြောင်း မီးသွေးရောင်းဝယ်သူများနှင့် အိမ်ရှင်မများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလအတွင်းက ရှမ်းမီးသွေး တစ်အိတ်လျှင် ကျပ်တစ်သောင်းအထိသာ ဈေးရှိခဲ့သည်။ ယင်းနောက် ဇန်နဝါရီလ တတိယပတ်မှစပြီး...

မြိတ်တွင် ပစ်ခတ်မှုဖြစ်ပြီးနောက် ဧည့်စာရင်းစစ်ဆေးမှု ဆက်တိုက်လုပ်လာ

မြိတ်မြို့၊ တရုတ်တန်းရပ်ကွက်တွင် ပစ်ခတ်မှုဖြစ်ပြီးနောက် ရပ်ကွက်များတွင် ဧည့်စာရင်း စစ်ဆေးမှု ဆက်တိုက်ပြုလုပ်နေကြောင်း မြို့ခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၉ ရက်ညက တရုတ်တန်းရပ်ကွက် ကေတီဗွီတွင် ဆိုင်ရှင် ၏ မိသားစုဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး...

တိုင်းအတွင်း စိတ်ကြွရူးသွပ်ဆေးပြားများ ကျပ်သိန်း ၇၀၀၀ နီးပါးဖိုး ဖမ်းမိဟုဆို

ထားဝယ်နှင့် မြိတ်မြို့နယ်တို့တွင် နှစ်ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားများ ငွေကျပ်သိန်း ၇၀၀၀ နီးပါးဖိုး ဖမ်းမိကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၂၇ ရက်က ထားဝယ်မြို့ ဥသာရံတိုးချဲ့ရပ်ကွက်၊ ကမ်းနားလမ်းတွင် ထော်လာဂျီတစ်စီးနှင့်အတူ...

ပုလော ကျောက္ကာရွာ ဂျင်းမွေးမြူရေးဖောင်ငါးခုမီးရှို့ခံရပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာရှိ ဂျင်း (သွေးဂုံး ခေါ် ဂျင်းခရု) မွေးမြူရေးဖောင်ငါးခုမီးရှို့ခံရပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၉ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က အဆိုပါဖောင်အဆောက်အအုံငါးခုကို...

မြိတ် တရုတ်တန်းကေတီဗွီတွင် ပစ်ခတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံးဟုဆို

မြိတ်မြို့၊ တရုတ်တန်းရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ကေတီဗွီဆိုင်တွင် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဆိုင်ရှင်၏ မိသားစုဝင် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း မြို့ခံများထံမှသိရသည်။ ဇန်နဝါရီလ ၂၇ ရက်ညက တရုတ်တန်းရပ်ကွက်ရှိ ကေတီဗွီဆိုင်သို့ လူသုံးဦး လာရောက်သောက်စားခဲ့ပြီး ည ၁၁...

တနင်္သာရီမြို့ ရဲစခန်း ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်ခံရ

မြိတ်ခရိုင်၊ တနင်္သာရီမြို့ ရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၇ ရက် နံနက် ၁၁ နာရီဝန်းကျင်က ရဲစခန်းကို ဒရုန်းဖြင့် ဗုံးချခံရပြီး အထိအခိုက်ရှိသည်ဟု သတင်းထွက်သော်လည်း သေသေချာချ...

မြိတ်‌ ရေကန်ဘောင်ကန်တွင် အမျိုးသားတစ်ဦးအလောင်းတွေ့

မြိတ်မြို့ ကန်ကြီးရပ်ရှိ ရေကန်ဘောင် ကန်တွင် ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက်ပိုင်းက ရေနစ်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား တွေ့ရှိကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတို့ထံမှ သိရသည်။ အဆိုပါ ရေကန်ဘောင်အနီး လမ်းသွားလမ်းလာအချို့က...

တနင်္သာရီတွင် တိုက်ပွဲသုံးရက်အတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော် သုံးဦးကျဆုံး

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် တိုက်ပွဲသုံးရက်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက ရဲဘော်သုံးဦး ကျဆုံးခဲ့ရကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ထုတ်ပြန်သည်။ ဇန်နဝါရီလ ၂၃ ရက်မှ ၂၅ ရက်အတွင်း မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်နှစ်ဦးနှင့် တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က...

စစ်တပ်ရိက္ခာ သယ်လာသည်ဆိုသော ခရီးသည်ကားကို ပုလောကာကွယ်ရေးတပ် သတိပေးပစ်ခတ်

စစ်တပ်ရိက္ခာများ သယ်ဆောင်လာသည်ဆိုသော ခရီးသည်တင်မှန်လုံကားတစ်စီးကို ပစ်ခတ်သတိပေးခဲ့ကြောင်း ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့(PRDF)က ယနေ့ထုတ်ပြန်လိုက်သည်။ စစ်တပ်ရိက္ခာသယ်နေသည့် ရွှေပုလဲသီခရီးသည်တင်ယာဥ်ကို ပုလောမြို့နယ်၊ကဒဲရွာအနီး ဇန်နဝါရီ ၂၆ ရက်နေ့နံနက် ၁၁ နာရီခွဲခန့်က သတိပေးပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။