မြိတ်‌ ရေကန်ဘောင်ကန်တွင် အမျိုးသားတစ်ဦးအလောင်းတွေ့

0
2713

မြိတ်မြို့ ကန်ကြီးရပ်ရှိ ရေကန်ဘောင် ကန်တွင် ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက်ပိုင်းက ရေနစ်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား တွေ့ရှိကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတို့ထံမှ သိရသည်။

အဆိုပါ ရေကန်ဘောင်အနီး လမ်းသွားလမ်းလာအချို့က ကန်အတွင်းရှိ ရုပ်အလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတစ်ဦးက ပြောသည်။

“ရေဘယ်လို နစ်သွားလဲဆိုတာ မသိဘူး။ ခုလောလောဆယ် အလောင်းပိုင်ရှင် မပေါ်သေးဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ အမျိုးသားသည် အသက် ၄၀ နှစ်အရွယ်ရှိပြီး ရုပ်အလောင်းအား ဆယ်ယူပြီး စစ်ကောင်စီတပ်ဆေးရုံရှိ ရင်ခွဲရုံသို့ တင်ပို့ထားကြောင်း ကယ်ဆယ်ရေး‌ဆောင်ရွက်ပေးသူတို့မှ သိရသည်။