ပလောက်မြို့တွင် အုပ်ချုပ်ရေးမှုး၏ မိသားစုဝင် ၇ ဦးပစ်သတ်ခံရ

ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စု ညောင်ရှင်ကုန်းကျေးရွာတွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူး၏ မိသားစုဝင် ၇ ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ဖေဖော်ဝါရီလ ၁၁ ရက်ည ၈ နာရီ...

ပလမြို့တိုရွာရှိ ဒေသခံနေအိမ်များ ဆက်တိုက်မီးရှို့ခံနေရ

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ပလမြို့၊တိုရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က ဆက်တိုက်မီးရှို့နေကြောင်း ဒေသခံများ ထံမှသိရသည်။ ယနေ့ နံနက် ၉ နာရီခွဲဝန်းကျင်တွင် ထပ်မံမီးရှို့ခံရခြင်းဖြစ်ပြီး နံနက် ၁၁ နာရီခွဲအချိန်အထိ မီးလောင်နေသေးကြောင်း ဒေသခံများ ကပြောသည်။

ဗုံးချတိုက်ခိုက်ရာတွင် ပစ်ခတ်ခံရသဖြင့် ဒရုန်းတစ်စီးပျက်စီးဟု KPDF ထုတ်ပြန်

စစ်ကောင်စီတပ်ကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရာတွင် ပစ်ခတ်ခံရသဖြင့် ဒရုန်းတစ်စီးပျက်စီးသွားကြောင်း ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ K-PDF ပုလောက ယနေ့ ထုတ်ပြန်လိုက်သည်။ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာနှင့် နန်းတောင်ကျေးရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား ဖေဖော်ဝါရီလ ၉ ရက်တွင် ဒရုန်းဖြင့် ငါးကြိမ်...

ပုလောနှင့်တနင်္သာရီတွင် ညလုံးပေါက် လက်နက်ကြီးများဖြင့်ပစ်ခတ်

တနင်္သာရီတိုင်းအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြိတ်ခရိုင်၊ ပုလောမြို့နှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီတပ်က ညလုံးပေါက် လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှသိရသည်။ ပုလောမြို့ ၂၈၅ တပ်ရင်းမှ အနီးအနားကျေးရွာများဖြစ်ကြသည့် တို၊ ပိတပ်၊ မြဒေါင်၊ သင်္ကန်းတော၊...

အာဏာသိမ်းပြီးနောက် မြိတ်တွင် ဆန်ကြမ်းဈေးသုံးဆကျော်မြင့်တက်

အာဏာသိမ်းပြီး ၂နှစ်ကျော်အကြာ မြိတ်ကုန်စည်‌ဈေးကွက်တွင် ဆန်ကြမ်းဈေး သုံးဆကျော်မြင့်တက်လာကြောင်း ယင်းဈေးကွက်ထံမှ သိရသည်။ အာဏာမသိမ်းမီက ဆန်ကြမ်းတစ်ပြည်လျှင် ၈၀၀ မှ ၉၀၀ ကျပ်နှုန်း ၂၄ ပြည် တစ်အိတ်လျှင် ၁၉၂၀၀ ကျပ်မှ ၂၁၆၀၀...

ပုလောမြို့နယ် ထမင်းမစားရွာအနီး တိုက်ပွဲဖြစ်၊ စစ်လေယာဉ်များပျံသန်း

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာအနီး ယနေ့(ဖေဖော်ဝါရီ ၁၀) နံနက် ၉ နာရီဝန်းကျင်၌ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ ထမင်းမစားရွာအနီးတွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ၁ နာရီနီးပါးကြာသည်အထိ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။

ပုလောတွင် လက်နက်ကြီးကျည်ကျ၍ ရွာသားငါးဦးဒဏ်ရာရ တစ်ဦးပြင်းထန်

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ မြဒေါင်ရွာနှင့်သီတာအိုင်ရွာတို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ရွာသားဦးငါးဦး ဒဏ်ရာရကာ တစ်ဦးမှာဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများထံမှသိရသည်။ ပုလောမြို့နယ်၊မြဒေါင်ကျေးရွာတွင် မနေ့က အမျိုးသားနှစ်ဦး ထိမှန်ခဲ့ပြီး တစ်ဦးမှာစိုးရိမ်ရသည့် အနေအထားဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ "နေလင်းဆိုတဲ့တစ်ယောက်က...

ပလမြို့အနီး တိုက်ပွဲဆက်ဖြစ်ပြီး နေအိမ်အချို့မီးလောင်နေ

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့အနီးတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး နေအိမ်အချို့ မီးလောင်နေကြောင်း ဒေသခံများထံမှသိရသည်။ ပလမြို့အနီး တိုရွာနှင့် မြဒေါင်ရွာတို့တွင် ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှစတင်ကာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ဂျင်း (သွေးဂုံး) သားပေါက်တစ်ခြင်းလျှင် ကျပ်လေးသိန်းကျော်အထိဈေးပေါက်

ကျွန်းစုမြို့နယ်တွင် ဂျင်း (သွေးဂုံး) သားပေါက်တစ်ခြင်းလျှင် ကျပ်လေးသိန်းကျော်အထိ ဈေးပေါက်နေကြောင်း ဂျင်းမွေးသူတို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်းက ဂျင်းသားပေါက်တစ်ခြင်းလျှင် ကျပ်နှစ်သိန်းနီးပါးအထိသာ ဈေးရှိခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ပလမြို့အနီး ယနေ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့အနီးတွင် ယနေ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ပလမြို့၊ အမှတ် (၁) အမှတ် (၂) ရပ်ကွက်ဖြစ်သည့် တိုရွာအနီး ပိကုန်းတောင်ဖက်တွင် ယနေ့ ဖေဖော်ဝါရီလ၇ရက် မွန်းလွဲ ၂...