ပလမြို့တိုရွာရှိ ဒေသခံနေအိမ်များ ဆက်တိုက်မီးရှို့ခံနေရ

0
3072
Photo - KPDF (ပုလော)

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ပလမြို့၊တိုရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က ဆက်တိုက်မီးရှို့နေကြောင်း ဒေသခံများ ထံမှသိရသည်။

ယနေ့ နံနက် ၉ နာရီခွဲဝန်းကျင်တွင် ထပ်မံမီးရှို့ခံရခြင်းဖြစ်ပြီး နံနက် ၁၁ နာရီခွဲအချိန်အထိ မီးလောင်နေသေးကြောင်း ဒေသခံများ ကပြောသည်။

“မီးခိုးလုံးကြီးတွေ မြင်နေရသေးတယ်။အိမ်တွေ အကုန်လုံးကုန်ပြီလားတော့ မသိဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။

မီးလောင်သွားသည့် နေအိမ်အရေအတွက်နှင့် အိမ်ရှင်များကိုမသိရသေးဟု ၎င်းတို့ကပြောသည်။

“ဒီနေ့က ဘာတိုက်ပွဲလည်း မရှိဘူး။ မီးရှို့ခံနေရတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ထပ်ပြောသည်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း တိုရွာရှိနေအိမ်များ မီးရှို့ခံရသေးပြီး နှစ်ရက်ပေါင်းလျှင် အိမ်ခြေ ၅၀ ဝန်းကျင်ရှိနိုင်သည်ဟု ကြားရကြောင်း ဒေသခံများကဆိုသည်။

တိုရွာသည် ပလမြိ၏ အမှတ် ၁၊အမှတ် ၂ ရပ်ကွက်ဖြစ်ပြီး အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိကြောင်း ဒေသခံများ ထံမှသိရသည်။