မွှေးရှောင် ကျောက်မီးသွေး စီမံကိန်းနှင့် ဆက်စပ်သူများ ရွာထဲမဝင်ရန် ကင်းချ

မြိတ်မြို့နယ်  တုံးဗျောကျေးရွာ အုပ်စု မွှေးရှောင်ကျေးရွာတွင် တည် ဆောက်မည့် ကျောက်မီးသွေးစက်ရုံ စီမံကိန်းနှင့် ဆက်စပ်သူများကို မတ်လ ပထမ အပတ်ကစပြီး ကျေးရွာအတွင်း အဝင်ခံတော့မည် မဟုတ်ဘဲ ရွာထိပ် တွင် ကင်းစစောင့်နေသည်ဟု ယင်း ကျေးရွာနေ ဒေသခံတချို့က ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန် ပိုင်းက...

၂၄ နာရီ လျှပ်စစ် ဝန်ဆောင်မှု ပေးနိုင်သူကို လုပ်ငန်း ပြောင်းပေးရန် ကျွန်းစုမြို့ခံများ စာတင်

ကျွန်းစုမြို့ နယ်တွင် လက်ရှိ လုပ် ကိုင်နေသည့် လျှပ်စစ် ဝန်ဆောင်မှု လုပ်ငန်းကို ၂၄ နာရီ ဝန်ဆောင်မှု ပေးနိုင်သည့် ကုမ္ပဏီအား လွှဲပြောင်း ပေးရန် ဒေသခံ ၁၀၀ ဦးကျော်က လက်မှတ်ထိုးပြီး မတ်လဆန်းပိုင်းက တိုင်းအစိုးရထံအပါအဝင် သက်ဆိုင်ရာ ဋ္ဌာနများသို့ စာတင်လိုက်ကြောင်း...

မြိတ်တွင် အန္တရာယ်ရှိ အဆောက်အဦး ဖြိုရန်ကိစ္စ မြို့နယ် သမဝါယမ အကြောင်းမပြန်

မြိတ်မြို့ ကန်ဖျားနယ်မြေ ကန်ဖျားမြေနီလမ်းဆုံရှိ အဆောက်အဦးတစ်လုံး အန္တရာယ်ရှိ အဆင့်ဖြစ်နေ၍ သက်ဆိုင်ရာ မြို့နယ်သမဝါယမဦးစီးဌာနသို့ စာဖြင့် နှစ်ကြိမ်တိုင်တိုင် အကြောင်းကြားထားသော်လည်း ပြန်လည် အကြောင်းပြန်ခြင်း မရှိသေးကြောင်း မြို့နယ်စည်ပင်သာယာရေးရုံးရို တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ အဆောက်အဦးဖြိုချရန် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် မတ်လ ၂၀ ရက်နေ့အထိ အကြောင်းမပြန်ပါက ခရိုင်အုပ်ချုပ်ရေးမှူး၏ သဘောထားတောင်းခံပြီး...

မလေးရှား ဆီအုန်းကုမ္ပဏီ ဆက်မစိုက်ရန် ကေအင်န်ယူ အမိန့်ထုတ်

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စီမံကိန်းအကောင်အထည်ဖော်နေသည့် မလေးရှား ဆီအုန်းကုမ္ပဏီကို ဆက်မစိုက်ရန် ပြီးခဲ့သည့် ရက်ပိုင်းက အမိန့်ထုတ်ထားကြောင်း တပ်မဟာ(၄) ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ) မှ တွဲဖက်အတွင်းရေးမှူး ဖဒို အဲနာက ပြောကြားသည်။ ဒေသခံများနှင့် ကုမ္ပဏီတို့ နှစ်ကြိမ်ထိပ်တိုက်တွေ့ပြီး ထူးခြားမှုမရှိဖြစ်နေသည့် အခြေအနေတွင် နောက်ထပ် ထိပ်တိုက် တွေ့မှုများ...

မြိတ်တွင် သိန်းရာချီ လောင်းကြေးထပ် နွားတိုက်ပွဲများ ဆက်တိုက် ပြုလုပ်

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့တွင် ယခုနှစ်အတွင်း သိန်းရာချီလောင်းကြေးထပ်သည့် နွားတိုက်ပွဲများ ယခင်နှစ်များထက် ခပ်စိပ်စိပ် လုပ်လာသည်ဟု ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အင်္ဂမော်ကျေးရွာ ပြုလုပ်သည့် နွားတိုက်ပွဲသို့ လာရောက်ကြသည့် ကျေးရွာ အသီးသီးရှိ ဒေသခံတစ်ချို့ထံမှ သိရသည်။ “နွားတိုက်ပွဲတွေမလုပ်ဖြစ်တာ တော်တော်ကြာနေပါပြီ၊ တရားဝင် ခွင့်ပြုချက်တော့ မပေးထားပါဘူး၊...

ထိုင်းမုန့်ဈေးကွက် တွင်ကျယ်လာ၍ မြိတ်မုန့်လုပ်ငန်းရှင်များ မျက်ခုံးလှုပ်

မြိတ်မြို့နယ် မုန့်ဈေးကွက်တွင် ထိုင်းပေါင်မုန့်မျိုးစုံ၏  ဈေးကွက်တွင်ကျယ်လာမှုနေသဖြင့် ရေရှည်တွင် ဒေသတွင်းရှိ မုန့်လုပ်ငန်းများ ထိခိုက်မည်ကို စိုးရိမ်ကြောင်း မြိတ်အခြေစိုက် မုန့်လုပ်ငန်းရှင်များက ပြောသည်။ ပြီးခဲ့သည့်နှစ်ကစပြီး တနင်္သာရီတိုင်းဒေသကြီး မြိတ်မုန့်ဈေးကွက်အတွင်း ထိုင်းနိုင်ငံထုတ် ပေါင်မုန့်နှင့် ယို၊ ထောပတ်၊ သကြားစသည်တို့ဖြင့် ပြုလုပ်ထားသည့် အခြားမုန့်အမျိုးပေါင်း ၂၀ ကျော် ကျယ်ကျယ်ပြန့်ပြန့်...

မြိတ်ပုဂ္ဂလိက ကျောင်း တရုတ်သာသာ သင်ကြားရန် စီစဉ်

မြိတ်ခရိုင် မြိတ်မြို့နယ်ရှိ မြင်းမိုရ်ပုဂ္ဂလိကပညာသင်ကျောင်းမှ လာမည့်စာသင်နှစ်ဖြစ်သော ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် တရုတ် ဘာသာ အား ထပ်ဆောင်း ဘာသာအဖြစ် သင်ကြားသွားရန် စီစဉ် ဆောင်ရွက်နေသည်ဟု ယင်းကျောင်းအုပ်ကြီးထံမှ သိရသည်။ မူကြိုတန်းမှ ဒုတိယတန်းအထိ ဘာသာစကား၏ အခြေခံအချက်များကို သင်ကြားပေးသွားမည်ဖြစ်ကာ တတိယတန်း အရောက်တွင် ဆက်လက် သင်ကြားမည်ဆိုပါက သီးခြားသင်ပေးရန် ရည်ရွယ်ထားကြောင်း ကျောင်းအုပ်ကြီး ဦးတင်မောင်ချို...

မင်းကျောင်းရှိ ရှေးဟောင်းပစ္စည်းများ ထိန်းရန် အခက်တွေ့

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့နယ်၊ အလယ်ကျွန်း နယ်မြေရှိ သက်တမ်းနှစ် ၃၀၀ ခန့်ရှိ ရှေးဟောင်း မင်းကျောင်း ကျောင်းတိုက်တွင် များစွာသော ရှေးဟောင်း ပစ္စည်းများရှိသော်လည်း ထိန်းသိမ်းရန် အခက်တွေ့နေကြောင်း ကျောင်းထိုင် ဆရာတော် ဦးစန္ဒီမာက မိန့်ကြားသည်။ ယင်းကျောင်းတိုက်တွင် နှစ်ငါးဆယ်ကျော်ရှိ ဗုဒ္ဓ၀င်ပန်ချီကားများ၊ နှစ်ရာချီသက်တမ်းရှိ ဗီရိုများ၊...

ဆယ်စုနှစ်နီးပါး တိမ်ကောနေသည့် မြိတ်ရိုးရာကျားအက ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်တွင် ပြန်လည်ကပြ

ရန်ပုံငွေ အခက်အခဲကြောင့် ဆယ်စုနှစ်နီးပါး မကဖြစ်သည့် မြိတ်ရိုးရာ ကျားအကကို ဗိုလ်ချုပ်အောင်ဆန်း   နှစ်၁၀၀ ပြည့် အထိမ်းအမှတ်နေ့ တွင် ပြန်လည် ကပြလာကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။ အဆိုပါကျားအကကို နှစ်စဉ်တပေါင်းလတွင် ကပြလေ့ရှီပြီး ရန်ပုံငွေအခက်အခဲကြောင့် လွန်ခဲ့သည့် ၈ နှစ်မှစ၍ ကပြဖျော်ဖြေခြင်းကို ရပ်နားခဲ့ရသည်။ “ဒီနေ့က...

မြိတ် သပိတ်မှောက်ကျောင်းသား မိဘကို လက်မှတ်ထိုးခိုင်းမှု ပြန်တောင်းပန်

မြိတ်တက္ကသိုလ် ပါမောက္ခချုပ်၏ အမိန့်ဖြင့်ဟုဆိုကာ ကျောင်းသားများဆန္ဒပြနေသည်ကို မိဘများ သိရှိခြင်း ရှိမရှိ လက်မှတ်ရေးထိုးခိုင်းခဲ့မှုကို မြိတ်တက္ကသိုလ်ကပြန်လည် တောင်းပန်ခဲ့ကြောင်း ကျောင်းသား မိဘများထံမှ သိရသည်။ မြိတ်တွင် သပိတ်မှောက်ကျောင်းသားများအား ဆက်လက် ဆန္ဒပြခြင်းမလုပ်ရန် ဖေဖော်ဝါရီလ ၉ ရက်နေ့ ညက သပိတ်စစ်ကြောင်းပါ ဆန္ဒပြကျောင်းသားကျောင်းသူများ၏ မိဘများကို ၀န်ခံဂတိ...