မြိတ်တွင် ငရုတ်သီးစိမ်းရည်ဖြင့်ပက် ရွှေဆိုင်လု

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မြို့နယ် စည်ပင်သာယာရေးပိုင်   အောင်မင်္ဂလာဈေးအတွင်းရှိ တော်ဝင်သူရတနာရွှေဆိုင်တွင်အသက် လေးဆယ်ကျော်ခန့် အမျိုးသမီးတစ်ဦးက ဆိုင်ပိုင် မျက်နှာအား ငရုပ်သီးစိမ်းရည်များဖြင့် ပက်လောင်း၍ ရွှေထည်ပစ္စည်းများအား ၀င်ရောက် လုယက်ခဲ့ကြောင်း ဈေးသူဈေးသားများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်အချိန်တွင် အသက်...

ပုလောမီးလောင်မှု နေအိမ် ၇၀ ကျော် ဆုံးပါး

မြိတ်ခရိုင် ပုလောမြို့နယ်တွင် အမှတ်(၁)ရပ်ကွက်၊ မြ၀တီလမ်းနှင့် ဗိုလ်အောင်ချိုလမ်းရှိ နေအိမ်တစ်လုံးတွင် အိမ်နောက်ဖေး မီးဖိုချောင်မှ တဆင့် ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ခုနှစ်ဆယ်ကျော် ပါသွားကြောင်း ပုလောမြို့ခံများထံမှ သိရသည်။ ပုလောမြို့နယ် အမှတ်(၁) ရပ်ကွက်၊ မြ၀တီလမ်းနှင့်...

မြိတ်အဝေးပြေးကားဝင်း အနောက်ဘက်မြေဈေး သိန်းတစ်ရာဝန်းကျင် အထိ ဈေးပေါက်

မြိတ်မြို့မြိတ်တောင် ကျေးရွာအုပ်စု လေယာဉ်ကွင်း အနီးရှိ အဝေးပြေးကားဝင်း အနောက်ဘက် ရပ်ကွက်ရှိ မြေယာများ ကျပ်သိန်းတစ်ရာ ဝန်းကျင်အထိ ဈေးပေါက်နေသည်ဟု ယင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးနှင့် ရပ်ကွက်နေသူ တချို့ထံမှသိရသည်။ အဝေးပြေးကားဝင်းအနောက်ဘက် ချောင်းနားကပ် နေအိမ်များမှာ ပေ၂၀၊ ပေ၆၀ရှိ မြေတစ်ကွက်ကို အများဆုံးကျပ်သိန်းခြောက်ဆယ်ခန့်ထိရှိပြီး လမ်းသွယ်များတွင်တစ်ကွက်ကို ကျပ်သိန်းတစ်ရာခန့်ပေါက်ဈေးရှိသည်ဟု...

မြိတ်သေနတ်ပစ်အသင်း စဖွဲ့

မြိတ်၌ မြိတ်လူငယ်သေနတ်ပစ်အားကစားအသင်း (ယာယီ) အား စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ယင်း အားကစားအသင်း၏ တာဝန်ခံတစ်ဦးထံမှ သိရသည်။ မြိတ်လူငယ်သေနတ်ပစ်အားကစားအသင်း (ယာယီ) ကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်နှင့် နိုင်ငံအဆင့် အထိ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွန်းစေရေး ရည်ရွယ်၍  ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သေနတ်ပစ်အားကစားကွင်း တာဝန်ခံ ဦးထိန်လင်းက ရှင်းပြသည်။ အဆိုပါ...

မြိတ်မြို့နယ် ကျောက်ဖျာမြစ်သဲ စင်္ကာပူပို့ရန် ကုမ္ပဏီတစ်ခု စီစဉ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာ မြစ်အတွင်းရှိ သဲများကို စုပ်ယူပြီး စင်္ကာပူနိုင်ငံသို့ တင်ပို့နိုင်ရန် ဇန်နဝါရီ ဒုတိယအပတ်က  Starhigh Asia Pacific Pet Co.Ltd မှ တာဝန်ရှိသူများက ဒေသခံရွာသားများကို လာရောက် တွေ့ဆုံခဲ့သည်ဟု ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးနှင့် ဒေသခံတစ်ချို့ထံမှ သိရသည်။ သဲစုပ်ယူရန် သက်ဆိုင်ရာဌာနများမှ...

ကျွန်းစုမြို့နယ် ဓါးပြ၀င်တိုက်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ကဘင်းကျေးရွာအုပ်စု မှ ကျေးရွာတစ်ရွာကို မျက်နှာဖုံးစွပ် အမျိုးသား ၃ ဦးက ဓါးပြ၀င်တိုက်သွားကြောင်း ကျွန်းစုမြို့နယ်ရှိ ကံမော်ရဲစခန်းမှ သိရသည်။ ကဘင်ကျေးရွာအုပ်စု၊ ထုံးဖိုတောင်ရွာရှိ ဦးတော့၏နေအိမ်ကို ဇန်န၀ါရီလ ၁၁ ရက် ညပိုင်းက တူးမီးသေနတ်နှင့် ဓါးတစ်ချောင်း ကိုင်ဆောင်ထားသည့် အမျိုးသား...

ကျွန်းစုဓါးပြတိုက်မှု တစ်ပတ်ကြာသည့်အထိ မထူးခြားသေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကဘင်းကျေးရွာအုပ်စု ထုံးဖိုတောင်ရွာရှိ နေအိမ်တစ်ဆောင်ကို ဇန်နဝါရီလ ၁၁ ရက် ညပိုင်းတွင် အမျိုးသား သုံးဦးက ဓါးပြဝင်တိုက်မှုနှင့် ပတ်သတ်ပြီး တစ်ပတ်ကြာသည့်အထိ တရားခံများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ကျွန်းစုမြို့နယ် ကံမော်ရဲစခန်းမှ သိရသည်။ ထုံးဖိုတောင်ရွာရှိ ဦးတော့၏ နေအိမ်ကို ဇန်န၀ါရီလ...

မဖမ်းဆီးရန် တားမြစ်ထားသည့် ရေအောက်သတ္တ၀ါများ ရေလုပ်သားအချို့ ဖမ်းဆီးနေ

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ မဖမ်းဆီးရန်တားမြစ်ထားသည့် ရေအောက်သတ္တ၀ါများကို မြိတ်ကျွန်းစု ရေလုပ်သားအချို့ တရားမ၀င်ဖမ်းဆီးမှုရှိနေကြောင်း မျက်မြင်တွေ့ရှိသည့် မြိတ်ဒေသခံများက ပြောသည်။ မြိတ်မြို့နယ်၊ ငါးဦးစီးရုံးမှ ဖမ်းဆီးခြင်းမပြုရန် တားမြစ်ထားသည့် ရေပေါ်၊ ရေအောက်သတ္တ၀ါ ၁၂ မျိုးထုတ်ပြန်ထားပြီး ပြီးခဲ့သည့် နှစ်လခန့်က မြိတ်မြို့၊ရေပုံးနယ်မြေ၊ သာကေတရပ်ကွက်မှ တံငါးလှေတစ်စီးက လင်းပိုင် ၁၅ ကောင်ကို ဖမ်းဆီး...